Banner Top

Member Area

Billboard Chart မှာ ပါဝင်လာတဲ့ ၅ ခုမြောက် Kpop အဖွဲ့ BLACKPINK

  •  mpc
  • Category: News

BLACKPINK အဖွဲ့ဟာ အယ်လ်ဘမ်အသစ်ဖြစ်တဲ့ "The Album"ကို ဖြန့်ချိပြီးတဲ့နောက်မှာတော့ ကိုရီးယားနဲ့ နိုင်ငံအသီးသီးမှာရှိတဲ့ ဂီတဇယားတွေမှာ နေရာယူထားနိုင်ခဲ့သလို အရင်ကထက်ပိုတဲ့ အောင်မြင်မှုတွေနဲ့ ကျော်ကြားမှုတွေလည်း ရရှိလာပါတယ်။

ဒီအပတ်မှာဆိုရင် BLACKPINK အဖွဲ့ဟာ Billboard 200 ကိုဝင်ရောက်လာရုံသာမက ဇယားရဲ့ Top 10 နေရာကိုရောက်ရှိလာပြီး အဲ့ဒီနေရာကိုရောက်ရှိလာတဲ့ ၅ဖွဲ့မြောက် K-Pop အဖွဲ့ဖြစ်လာခဲ့သလို ဒီနေရာကိုရောက်ရှိခဲ့တဲ့ ပထမဆုံး မိန်းကလေး K-Popအဖွဲ့လည်း ဖြစ်လာခဲ့ပါတယ်။

 feqf efqef

ဒီအယ်လ်ဘမ်အဆင့်သတ်မှတ်ချက်မှာ အထူးသဖြင့် နိုင်ငံခြားအနုပညာရှင်တွေအနေနဲ့ ပါဝင်လာဖို့ဆိုတာ မလွယ်ကူတဲ့အရာ ဖြစ်ပေမယ့် BLACKPINK အဖွဲ့ကတော့ ဒီအပတ်အတွက် နံပါတ်၂ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ Billboard 200 ဇယားကို အပတ်စဉ်ထုတ်ပြန်တာဖြစ်ပြီး အမေရိကန်မှာ နာမည်အကျော်ကြားဆုံးဖြစ်တဲ့ အယ်လ်ဘမ် ၂၀၀ ကို ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

efe efeqf

Top 10 ကိုရောက်ရှိခဲ့တဲ့ ပထမဆုံး K-Pop အဖွဲ့ကတော့ BTS အဖွဲ့ဖြစ်ပြီး ၂၀၁၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ "Love Yourself:Her"အယ်လ်ဘမ်နဲ့ နံပါတ် ၇ နေရာကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

efwf efqe

ဒါ့အပြင် BTS အဖွဲ့ဟာ" Love Yourself: Tear"၊ " Love Yourself: Answer"၊ " Map of the Soul: Persona"နဲ့ "Map of the Soul: 7" ဆိုတဲ့ အယ်လ်ဘမ် ၄ ခုနဲ့ Billboard 200 ဇယားမှာ နံပါတ် ၁ နေရာကို ရောက်ရှိခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

SuperM အဖွဲ့ကတော့ ဇယားကိုဝင်ရောက်နိုင်တဲ့ ဒုတိယမြောက် K-Pop အဖွဲ့ဖြစ်ပြီး သူတို့ရဲ့ကိုယ်ပိုင်အမည်နဲ့ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်ဟာဆိုရင် BTS အပြင် နံပါတ်၁နေရာကိုရောက်ရှိခဲ့တဲ့ အခြားသော K-Pop အဖွဲ့လည်း ဖြစ်ပါတယ်။

ewf ewfeqwf

လွန်ခဲ့တဲ့အပတ်ကဖြန့်ချိခဲ့တဲ့ "Super One"အယ်လ်ဘမ်ဟာဆိုရင်လည်း နံပါတ် ၂ နေရာကို ရောက်ရှိခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းမှာဆိုရင် MONSTA X အဖွဲ့နဲ့ NCT 127 နှစ်ဖွဲ့လုံးဟာ Billboard 200 ရဲ့ Top 10 နေရာကို ရောက်ရှိခဲ့ပါတယ်။

wef ef efq

 

ကြီးမားတဲ့အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ် BLACKPINKရေ။သူတိုဟာ အခြားအနုပညာရှင်တွေအတွက် တကယ့်ကို လမ်းခင်းပေးတဲ့အဖွဲ့ပါပဲ။

 

#mpc

ဆက်စပ်နေသော ရေးသားချက်များ

Banner Top