Logo
Print this page

BLACKPINK အဖွဲ့ရဲ့ ပထမဆုံး မီနီအယ်လ်ဘမ် ဖြန့်ချိမယ့်ရက်ကို Yang Hyun Suk ကြေညာ

YG Papa ဖြစ်တဲ့ Yang Hyun Suk က BLACKPINK အဖွဲ့ရဲ့ ပထမဆုံးမီနီအယ်လ်ဘမ် ဖြန့်ချိမယ့်ရက်ကို ကြေညာလိုက်ပါတယ်။ 

မေ ၂၅ ရက်မှာ သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ Yang Hyun Suk က မကြာသေးမီက ပြုလုပ်ခဲ့တဲ့ Q&A အင်တာဗျူး ပုံတစ်ခုကို ဝေမျှခဲ့ပါတယ်။ YG Papa ဖြစ်တဲ့ Yang Hyun Suk က BLACKPINK အဖွဲ့ရဲ့ ပထမဆုံးမီနီအယ်လ်ဘမ် ဖြန့်ချိမယ့်ရက်ကို ကြေညာလိုက်ပါတယ်။ မေ ၂၅ ရက်မှာ သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ Yang Hyun Suk က မကြာသေးမီက ပြုလုပ်ခဲ့တဲ့ Q&A အင်တာဗျူး ပုံတစ်ခုကို ဝေမျှခဲ့ပါတယ်။ 

yang hyun suk 1
သူက “YG ရဲ့ တခုတည်းသော မိန်းကလေး အဖွဲ့ ပျောက်ကွယ်နေခဲ့တာ တော်တော်လေးကြာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ Debut ပြီးတဲ့နောက် Single တွေ ဆက်တိုက်ထုတ်ခဲ့လို့ပဲ ဖြစ်ပါတယ်။  ပရိသတ်တွေက စိတ်ပျက်ခဲ့ကြပါတယ်၊ ဒါပေမယ့် လာမယ့် ဇွန် ၁၅ ရက်မှာတော့ BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံး မီနီအယ်လ်ဘမ်ကို ဖြန့်ချိပါလိမ့်မယ်။ ပြင်ဆင်ဖို့အချိန်တော်တော်များများယူထားတဲ့အတွက် ထွက်ရှိလာတာကို ကျွန်တော်တို့ ကျေနပ်ပါတယ်။
 ပြီးတော့ ဇွန်လမှာ ဖြန့်ချိမယ့် မီနီအယ်လ်ဘမ်နဲ့ စတင်ပြီး အဖွဲ့ဟာ တစ်နှစ်လုံးမှာ သီချင်းတွေ နဲ့ ပရိုမိုးရှင်းတွေကို လုပ်ကိုင်သွားမှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ BLACKPINK အဖွဲ့ရဲ့ မရပ်မနားပြေးလွှားမှုကို စောင့်မျှော်ပေးကြပါဦး။ BLINKS တို့ရေ ပျော်စရာပါနော်။ 

 

Allkpop

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!