Banner Top

Member Area

EXO အဖွဲ့ဝင် Kai ရဲ့ ဒရမ်မာအသစ် မကြာမီပြသမယ်

  •  Micky
  • Category: News

EXO အဖွဲ့ဝင် Kai ဟာ KBS 2TV ရုပ်သံကနေထုတ်လွှင့်မယ့် စိတ်ကူးယဉ် မယ်လိုဒရမ်မာအသစ်တစ်ခုမှာ ပါဝင်လာတော့မှာဖြစ်ပါတယ်။

Kai XPN

ဖေဖော်ဝါရီ ၂၆ ရက်မှာပဲ KBS ရုပ်သံလိုင်းကနေ မကြာခင်ထုတ်လွှင့်တော့မယ့် “Miracle That We Met” ဒရမ်မာမှာ Kai ဟာ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ကင်မြောင်မင်း၊ ကင်ဟွန်းဂျူ၊ ရာမီရန်နဲ့ ဂိုချန်းဆော့တို့နဲ့အတူ ပါဝင်သရုပ်ဆောင်စာရင်းမှာ ပါဝင်လာတယ်လို့ ကြေညာခဲ့ပါတယ်။

“Miracle That We Met” ရုပ်ရှင်ဟာ သက်တူရွယ်တူ နာမည်တူ အခြားလူတစ်ယောက်ရဲ့ ဘဝအနေနဲ့ ရှင်သန်နေထိုင်ရတဲ့ အမျိုးသားတစ်ဦးအကြောင်း စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Kai ဟာ ငယ်ရွယ်ပြီးတက်ကြွတဲ့ အာတို လို့အမည်ရတဲ့ တမန်တော်တစ်ယောက်ဖြစ်ပြီး ရက်စက်တဲ့ အမှားတစ်ခုကြောင့် ဒရမ်မာမှာပါဝင်တဲ့ ဇာတ်ကောင်တွေအပေါ်မှာ အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ အမှားကြောင့် ဖြစ်ပေါ်ခဲ့တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် အာတိုဟာ အမျိုးမျိုးသော စမ်းသပ်မှုတွေ၊ ဆင်းရဲ ဒုက္ခတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

EXO အဖွဲ့ဝင် Kai ဟာ KBS ကထုတ်လွှင့်ခဲ့တဲ့ “Andante” ဒရမ်မာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ပြသခဲ့ပြီးဖြစ်ပါတယ်။ သူဟာ ဂျပန်နိုင်ငံမှာလည်း “Spring Has Come” အမည်ရှိတဲ့ ဒရမ်မာမှာ ပါဝင်သရုပ်ဆောင်ထားပြီးဖြစ်ပါတယ်။

“Miracle That We Met” ဒရမ်မာကို “Strong Woman Do Bong Soon” ဒရမ်မာနောက်ကွယ်မှ ဇာတ်ညွှန်းရေးသား ရိုက်ကူးခဲ့တဲ့ ဘတ်မီဂျောင်းနဲ့ လီယောင်းမင်းတို့က စီစဉ်ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဇာတ်ညွှန်းစာရေးဆရာမ ဘတ်မီယောင်းဟာ “Woman of Dignity” နဲ့ “My Love Eun Dong” ဒရမ်မာတို့နဲ့ နာမည်ကျော်ကြားသူတစ်ဦးလည်း ဖြစ်ပါတယ်။ “Miracle That We Met” ဒရမ်မာကို “Radio Romance” ဇာတ်လမ်းတွဲပြီးတဲ့နောက် ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top