Logo
Print this page

မင်းသားလီဒုံဝုနဲ့ မင်းသမီး ဆူဇီတို့ မေတ္တာမျှနေပြီဟု သတင်းထွက်ပေါ်

သတင်းမီဒီယာတစ်ခုဖြစ်တဲ့ TV Report ရဲ့ မတ် ၉ ရက်ထုတ်ပြန်ချက်တစ်ခုအရ မင်းသားလီဒုံဝုနဲ့ မင်းသမီး ဆူဇီတို့ဟာ တွဲနေကြပြီလို့ ဆိုပါတယ်။

Lee Dong Wook Suzy

သူတို့ဟာ မူလက လုပ်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့ကြပြီး သတင်းအရင်းအမြစ် တစ်ခုရဲ့ အဆိုအရ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အချစ်ရေးဆီကို ဦးတည်ခဲ့တာလို့ ဆိုပါတယ်။

ဆူဇီဟာ ၂၀၁၂ ခုနှစ်မှာ ထုတ်လွှင်ခဲ့တဲ့ SBS ရုပ်သံလိုင်းရဲ့ “Strong Heart” အစီအစဉ်မှာ ပါဝင်ခဲ့စဉ်က လီဒုံဝုဟာ သူ့ရဲ့ Ideal Type ဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

အနုပညာလုပ်ငန်းကနေ လာတဲ့ သတင်းအရင်းအမြစ်တော်တော်များများရဲ့အဆိုအရ မင်းသားလီဒုံဝုဟာ မင်းသမီးဆူဇီတဲ့ နှိမ့်ချတဲ့စိတ်နေစိတ်ထားကို သဘောကျခဲ့တာလို့ ဆိုပါတယ်။ သူတို့နှစ််ဦးဟာ နှစ်ဦးလုံးရဲ့ တူညီတဲ့ ဉာဏ်ကောင်းတဲ့ကိုယ်ရည်ကိုယ်သွေးကြောင့် တွဲဖြစ်ကြခဲ့တာဖြစ်ပြီး အတူချိန်းတွေ့ကြတဲ့အချိန်မှတောင် ဂရုတစိုက်ရှိကြတယ်လို့ ဆိုပါတယ်။

လီဒုံဝုနဲ့ ဆူဇီတို့ရဲ့ အေဂျင်စီဖြစ်တဲ့ King Kong နဲ့ JYP အင်တာတိန်းမန့်တို့ကတော့ သက်ဆိုင်ရာ အနုပညာရှင်တွေကို မေးမြန်းအတည်ပြုနေတယ်လို့ဆိုထားပါတယ်။ မကြာခင် သတင်းအပြည့်အစုံကို သိရတော့မှာပါ။
soompi

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!