Banner Top

Member Area

အင်စီဝမ်ရဲ့ ဒရာမာရိုက်ကွင်းဆီ လက်ဆောင်ပို့လိုက်တဲ့ မင်းသား လီဒုံဝု

  •  WN
  • Category: News

မင်းသား လီဒုံဝုဟာ အင်စီဝမ်ကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့မှာ အင်စီဝမ်ဟာ သူ့ရဲ့ အင်စတာဂရမ်မှာ "Run On" ဒရာမာရိုက်ကွင်းဆီ မင်းသား လီဒုံဝုက ပို့ခဲ့တဲ့ ကော်ဖီထရပ်ကား တစ်စင်းရဲ့ ဓာတ်ပုံတွေကို မျှဝေခဲ့ပါတယ်။

Ele0ganVoAABVZM

Ele0gMGUcAASThb

Ele0gocVcAE4EPb


မကြာသေးခင်တုန်းကတော့ သူတို့နှစ်ဦးဟာ OCN ရဲ့ “Strangers from Hell” ဒရာမာမှာ အတူတူ သရုပ်ဆောင်ခဲ့ဖူးကြပါတယ်။ မင်းသား လီဒုံဝုဟာ လက်ရှိမှာ “Tale of the Nine-Tailed” ဒရာမာမှာ သရုပ်ဆောင်နေပြီး မင်းသား အင်စီဝမ်ကတော့ မတူညီတဲ့ကမ္ဘာမှာ နေကြတဲ့သူတွေ အချင်းချင်း ကိုယ်ပိုင်ဘာသာစကားတွေနဲ့ ဆက်သွယ်ကြမယ့် လူတွေကြားက အချစ်ဇာတ်လမ်းအကြောင်း ဖော်ပြမယ့် ဒရာမာမှာ မင်းသမီး ရှင်ဆဲဂျောင်းနဲ့အတူ ပါဝင်ထားပါတယ်။
အဲ့ဒီဒရာမာကို လာမယ့် ဒီဇင်ဘာ ၁၆ ရက်မှာ စတင်ပြသမှာဖြစ်ပြီး ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တိုင်း ထုတ်လွှင့်မှာဖြစ်ပါတယ်။

 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top