Banner Top

Member Area

နာမည်ကျော် ဒရမ်မာနှစ်ခုမှာ သရုပ်ဆောင်မှုမတူခဲ့တဲ့အကြောင်းပြောပြခဲ့တဲ့ ဆူဇီ

  •  WN
  • Category: News

မကြာသေးခင်ကပဲ ဆူဇီဟာ 'Marie Claire Taiwan’ အတွက် အင်တာဗျူးတစ်ခုကို ဖြေဆိုပေးခဲ့ပါတယ်။

အဲဒီ အင်တာဗျူးအတွင်းမှာ သူဟာ 'Dream High' နဲ့ 'While You were Asleep' ဇာတ်လမ်းတွဲတွေဟာ သူ့အတွက် အဓိပ္ပါရှိပြီး မတူကွဲပြားစွာခံစားရတဲ့အကြောင်း ပြောဆိုပေးခဲ့ပါတယ်။ 'Dream High' ဇာတ်လမ်းတွဲဟာ missA အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပွဲဦးထွက်ခဲ့ပြီးတဲ့နောက် ပထမဆုံးရိုက်ကူးတဲ့ ဒရမ်မာလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ ဆူဇီဟာ 'Marie Claire Taiwan’ အတွက် အင်တာဗျူးတစ်ခုကို ဖြေဆိုပေးခဲ့ပါတယ်။ အဲဒီ အင်တာဗျူးအတွင်းမှာ သူဟာ 'Dream High' နဲ့ 'While You were Asleep' ဇာတ်လမ်းတွဲတွေဟာ သူ့အတွက် အဓိပ္ပါရှိပြီး မတူကွဲပြားစွာခံစားရတဲ့အကြောင်း ပြောဆိုပေးခဲ့ပါတယ်။ 'Dream High' ဇာတ်လမ်းတွဲဟာ missA အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပွဲဦးထွက်ခဲ့ပြီးတဲ့နောက် ပထမဆုံးရိုက်ကူးတဲ့ ဒရမ်မာလည်း ဖြစ်ပါတယ်။ 

 


ဆူဇီက “'Dream High တုန်း သရုပ်ဆောင်တာနဲ့ပတ်သက်လို့ တကယ်နားမလည်ခဲ့ပါဘူး၊ ပြီးတော့ ကိစ္စရပ်တော်တော်များများမှာလည်း ကျွန်မကအားနည်းတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် အမြဲတမ်း ကျွန်မ အကောင်းဆုံးကြိုးစားပါတယ်၊ တော်တော်များများကို ကျွန်မလေ့လာနိုင်ခဲ့ပြီး ကိုယ့်ကိုကိုယ်တိုးတက်အောင် လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်” လို့ ဖြေကြားပေးခဲ့ပါတယ်။

 


သူက ဆက်ပြီး “ကျွန်မရဲ့ နောက်ဆုံးဒရမ်မာဖြစ်တဲ့ 'While You were Asleep' က ကျွန်မတော်တော်လေး တိုးတက်လာအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 'Dream High' ထဲမှာ ကျွန်မက အထက်တန်းကျောင်သူ တစ်ယောက်အနေနဲ့ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး 'While You were Asleep' မှာဆိုရင်တော့ ကျွန်မမှာ အလုပ်ရှိပါတယ်၊ သတင်းတွေအရဆိုရင် ကျွန်မရဲ့ ရင့်ကျက်တဲ့အပိုင်းကို တော်တော်လေး ပြသနိုင်ခဲ့ပါတယ်၊ အဲဒီဒရမ်မာကို ရိုက်နေတဲ့အချိန်မှာပဲ ကျွန်မရဲ့ မတူကွဲပြားတဲ့ ပုံစံကိုုပြသခဲ့ပါတယ်” လို့ပြောကြားခဲဲဲ့ပါတယ်။
ဆူဇီဟာ 'Come Here and Give Me A Hug' ဒရမ်မာအတွက် ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်ဖို့ ကမ်းလှမ်းချက်ကို ရရှိခဲ့ပေမယ့် ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top