Banner Top

Member Area

သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေအကြောင်း ပြောပြခဲ့တဲ့ လီဒုံဝု

  •  YuNandarHtun
  • Category: News

မင်းသား လီဒုံဝု ဟာ သူရဲ့ သရုပ်ဆောင်မှုနဲ့ပတ်သက်တဲ့ အတွေးအခေါ်ကို Nylon မဂ္ဂဇင်း အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

Nylon မဂ္ဂဇင်း မျက်နှာဖုံးမှာ မင်းသားရဲ့ ရဲ့ စမတ်ကျနေပုံကို ပြသထားတာ ဖြစ်ပါတယ်။ သူဟာ အနက်ရောင်အဝတ်အစားနဲ့ ပေါ့ပေါ့ပါးပါး puffer ဂျာကင်အင်္ကျီအထိ စတိုင် အမျိုးမျိုးကိုပုံစံပြရင်းနဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ပုံစံကိုဖော်ညွှန်းထားတာလည်း ဖြစ်ပါတယ်။

viber image 2020 10 21 15 54 08

ဓာတ်ပုံရိုက်ပြီးနောက် နောက်ဆက်တွဲအင်တာဗျူးတစ်ခုမှာ မင်းသားက က“ ကျနော့် ရည်မှန်းချက်ကမင်းသားတွေကြည့်ရှုနိုင်တဲ့ယုံကြည်မှုရှိလာဖို့ပါ။ ဒါပေမယ့် မတွန့်ဆုတ်ဘဲစိန်ခေါ်မှုအသစ်တွေကို အဆုံးမရှိ သင်ယူရင်း ကျွန်တော်ပျော်ပျော်ရွှင်ရွှင်နေခဲ့တယ်” လို့ဆိုပါတယ်။ သူက“ ပုံမှန်အားဖြင့် တေးဂီတနားထောင်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေနဲ့ အချိန်ကုန်ဆုံးလေ့ရှိပါတယ်" လို့ ဆိုထားပါတယ်။

efef efeqf eqf

လက်ရှိမှာတော့ မင်းသားဟာ "Tale of the Nine Tailed" ဒရာမာမှာ အမျိုးသား ဂူမီဟို(ဒဏ္ဍာရီလား အမြှီးကိုချောင်းရှိမြေခွေး) လီယွန် အမည်နဲ့ tvNရုပ်သံလိုင်း ဒရာမာမှာသရုပ်ဆောင်ထားပါတယ်။ မိဘတွေ ပျောက်ကွယ်သွားတဲ့ နောက်ကွယ်က အမှန်တရားကိုရှာဖွေတွေ့ရှိရန်ကြိုးစားနေတဲ့ ရဲရင့်တဲ့ ထုတ်လုပ်သူဒါရိုက်တာ Nam Ji Ah မင်းသမီး(Jo Bo Ah) လည်းပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

efe ef eqf

သူ့ရဲ့ တကယ့်ကိုယ်ရည်ကိုယ်သွေးမှာ Lee Dong Wook က“ ငါဟာ Gumiho ရဲ့အထူးစွမ်းရည်မရှိပါဘူး။ ပြီးတော့ငါဟာလူ့အဖွဲ့အစည်းနဲ့အညီ နေထိုင်ဖို့လိုတဲ့အတွက်လူတိုင်းနဲ့အတူနေဖို့ကြိုးစားတယ်။ ဒါပေမယ့် ငါလိုအပ်တဲ့အချိန်မှာ ငါပေးအပ်ထားတဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး သင့်တော်တဲ့တာဝန်ရှိမှု သဘောမျိုးကိုပြသလေ့ရှိတယ်။" နောက်ထပ် သူက -“ ငါနဲ့တွဲဖက်သရုပ်ဆောင်တွေက သူတို့ရဲ့ထင်မြင်ချက်ကိုပေးတဲ့အခါ သူတို့ကိုငါတက်ကြွစွာလက်ခံတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်ထင်မြင်ချက်တွေကိုပေးတဲ့အတွက် သူတစ်ပါးရဲ့ ထင်မြင်ချက်တွေကိုလည်း နားထောင်ဖို့ လိုအပ်ပါတယ်" လို့ဆိုပါတယ်။

efe efeq qe

မင်းသား လီဒုံဝုပုံနဲ့အင်တာဗျူးကိုနိုဝင်ဘာလမှာ ထုတ်ဝေသွားမယ်လို့ သိရပါတယ်။

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Banner Top