Banner Top

Member Area

ပတ်ဘိုဂွန်းနဲ့ ဆူဇီကို SBS ကထုတ်လွှင့်မယ့် ဒရမ်မာမှာ မြင်တွေ့ရဖွယ်ရှိ

ပတ်ဘိုဂွန်းနဲ့ ဆူဇီတို့ဟာ မကြာမီထုတ်လွှင့်ပြသမယ့် SBS ရုပ်သံလိုင်းရဲ့ ဒရမ်မာတစ်ခုမှာ ပါဝင်သရုပ်ဆောင် ဖို့ ဆွေးနွေးနေကြတယ်လို့ဆိုပါတယ်။

ဧပြီ ၁၉ ရက်မှာ သူတို့နှစ်ဦးဟာ 'People of Incheon Airport' အမည်ရှိတဲ့ ဒရမ်မာမှာ ပါဝင်သရုပ်ဆောင်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီသတင်းတွေ နောက်ပိုင်း ပတ်ဘိုဂွန်းရဲ့ အေဂျင်စီဖြစ်တဲ့ Blossom Entertainment နဲ့ ဆူဇီရဲ့ အေဂျင်ဖြစ်တဲ့ JYP Entertainment တို့က သူတို့နှစ်ဦးဟာ ကမ်းလှမ်းချက်ကို လက်ခံလိုက်တဲ့အကြောင်း အတည်ပြုပါတယ်၊ ဒါပေမယ့် ဘာကိုမှာတော့ အတိအကျသတင်းထုတ်ပြန်တာမရှိသေးပါဘူး။ပတ်ဘိုဂွန်းနဲ့ ဆူဇီတို့ဟာ မကြာမီထုတ်လွှင့်ပြသမယ့် SBS ရုပ်သံလိုင်းရဲ့ ဒရမ်မာတစ်ခုမှာ ပါဝင်သရုပ်ဆောင် ဖို့ ဆွေးနွေးနေကြတယ်လို့ဆိုပါတယ်။ ဧပြီ ၁၉ ရက်မှာ သူတို့နှစ်ဦးဟာ 'People of Incheon Airport' အမည်ရှိတဲ့ ဒရမ်မာမှာ ပါဝင်သရုပ်ဆောင်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီသတင်းတွေ နောက်ပိုင်း ပတ်ဘိုဂွန်းရဲ့ အေဂျင်စီဖြစ်တဲ့ Blossom Entertainment နဲ့ ဆူဇီရဲ့ အေဂျင်ဖြစ်တဲ့ JYP Entertainment တို့က သူတို့နှစ်ဦးဟာ ကမ်းလှမ်းချက်ကို လက်ခံလိုက်တဲ့အကြောင်း အတည်ပြုပါတယ်၊ ဒါပေမယ့် ဘာကိုမှာတော့ အတိအကျသတင်းထုတ်ပြန်တာမရှိသေးပါဘူး။


Blossom Entertainment မှသတင်းရင်းမြစ်တစ်ခုက “SBS ရဲ့ ဒရမ်မာအသစ်တစ်ခုဖြစ်တဲ့ 'People of Incheon Airport' ဟာ သူ့ကိုကမ်းလှမ်းကြတဲ့ ပရောဂျက်တွေထဲက တစ်ခုဖြစ်ပေမယ့် နောက်ရိုက်ကူးမယ့် ပရောဂျက်ကိုတော့ မဆုံးဖြတ်ရသေးပါဘူး” လို့ပြောကြားခဲ့ပါတယ်။ အလားတူပဲ JYP အင်တာတိန်းမန့်ကလည်း “သူ(ဆူဇီ) ကမ်းလှမ်းခံရတဲ့ ပရောဂျက်တခုဖြစ်ပေမယ့် ဒရမ်မာမှာ ပါဝင်မယ်မပါဝင်ဘူးဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး” လို့မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။ 


'People of Incheon Airport' ဒရမ်မာဟာ အတိတ်မှာ ရရှိခဲ့တဲ့ နာကျင်ဖွယ် အမှတ်တရတွေကနေ လွတ်မြောက်နိုင်ဖို့ နှလုံးသားတွေကို ကုစားကြမယ့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့ အကြောင်း လွမ်းမောဖွယ်ဒရမ်ာမတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီဒရမ်မာကို 'Secret Garden' ဇာတ််လမ်းတွဲကို ထုတ်လုပ်ခဲ့သူ ရှင်ဝူချောက ထုတ်လုပ်မှာဖြစ်ပြီး 'Dr. Romantic' နဲ့ 'What Happens to My Family? တို့ကို ရေးသားခဲ့သူ ဂန်အွန်းဂျောင်က ရေးသားပေးထားတာဖြစ်ပါတယ်။ 


အခုနှစ်အစောပိုင်းမှာပဲ ပတ်ဘိုဂွန်းနဲ့ ဆူဇီတို့ဟာ ၂၀၁၈ ခုနှစ်မှာ Princess Hours ဒရမ်မာကို ပြန်လည်ရိုက်ကူးမယ်ဆိုရင် ပါဝင်ဖို့ သင့်လျော်တဲ့ သရုပ်ဆောင်တွေ အဖြစ်ရွေးချယ်ခံထားရပါတယ်။

KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top