Banner Top

Member Area

Kpop Idol ဖြစ်လာတော့မယ့် ဂျပန် Porn မင်းသမီး ၃ ဦး

  •  Micky
  • Category: News

ဂျပန် Porn မင်းသမီးတစ်ဦးဖြစ်တဲ့ Yua Mikami ဟာ တစ်ကိုယ်တည်းပွဲဦးထွက်လာမှာမဟုတ်ဘဲ အဖွဲ့တစ်ခုအနေနဲ့ ပွဲဦးထွက်လာမှာဖြစ်တယ်လို့ သိရပါတယ်။

rfgbreg

မကြာသေးခင်က ထွက်ပေါ်ထားတဲ့ သတင်းတွေအရ ဂျပန် Porn မင်းသမီး Yua ရဲ့ Kpop Idol အနေနဲ့ ပွဲဦးထွက်မယ့်သတင်းဟာ အင်တာနက်သုံးစွဲသူတွေကို အံ့သြသင့်စေခဲ့ပြီးတော့ သူနဲ့အတူ Miko နဲ့ Sakura တို့ကလည်း ပါဝင်လာမယ့် သတင်းတွေကြောင်ပိုမိုအံ့သြသင့်ခဲ့ကြရတယ်လို့ဆိုပါတယ်။

Miko ဟာ NMB48 အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီးတော့ အနုပညာနာမည်က Okada Risako ဖြစ်ပါတယ်။ Sakura ကတော့ Bakusute Sotokanda Icchome အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီး အနုပညာ နာမည်ကတော့ Ito Yuu ဖြစ်ပါတယ်။ သူတို့ ၃ ဦးဟာ Honey Popcorn လို့ အမည်ရတဲ့ အဖွဲ့တစ်ခုအနေနဲ့ ပရိုမိုးရှင်းလုပ်ကြမှာဖြစ်ပါတယ်။

Yua Mikami ပြောကြားထားတဲ့သတင်းအရဆိုရင် Honey Popcorn အဖွဲ့ဟာ သူတို့ရဲ့ ပွဲဦးထွက် showcase ကို မတ်လ ၁၄ ရက် Yes24 Live Hall မှာပြုလုပ်သွားမယ်လို့ သိရပါတယ်။
KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top