Banner Top

Member Area

လာမယ့် ဇွန်လမှာဂျပန် Single သီချင်းဖြန့်မယ့် GOT7

GOT7 အဖွဲ့ဟာလာမယ့် ဇွန်လမှာ"The New Era"အမည်ရှိတဲ့ ဂျပန် Single သီချင်းတစ်ပုဒ်ကို ဖြန့်ချိမှာ ဖြစ်ပြီးအဲဒီသီချင်းကိုပရိုမိုးရှင်းလုပ်ဖို့ ဂျပန်နယ်လှည့်ပွဲကိုလည်း ပြုလုပ်မှာဖြစ်တယ်လို့ အဖွဲ့ရဲ့ စီမံခန့်ခွဲရေးကုမ္ပဏီကဧပြီ ၂၆ ရက်မှာပြောကြားလိုက်ပါတယ်။ အဲဒီသီချင်းပါဝင်တဲ့ နာမည်တူအယ်လ်ဘမ်ဟာလည်းမေ ၇ ရက်မှာ ဖြန့်ချိမှာဖြစ်ပြီးအဖွဲ့ဝင် ၇ ဦးရဲ့ ရင့်ကျက်တဲ့ ပုံစံနဲ့ ယောကျာ်းပီသတဲ့အလှတရားကို မြင်တွေ့ရမယ့် ဟစ်ဟော့ပ်သီချင်း ဖြစ်တယ်လို့ JYP အင်တာတိန်းမန့်ကဆိုပါတယ်။



အယ်လ်ဘမ်မှာပါဝင်တဲ့ "Shining On You"သီချင်းကတော့ နွေရာသီအချိန်အခါနဲ့ လိုက်ဖက်ညီတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီးအဖွဲ့ခေါင်းဆောင် JB က ကိုယ်တိုင်ရေးသားထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အယ်လ်ဘမ် အသစ်ကိုပရိုမိုးရှင်းလုပ်ဖို့အတွက် GOT7 အဖွဲ့ဟာ"GOT7 Japan Fan Connecting Hall Tour 2018: The New Era"ဆိုတဲ့အမည်နဲ့ ဂျပန်မြို့ ၆ မြို့မှာနယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်မယ်လို့ ဆိုပါတယ်။ အဖွဲ့ဟာမေ ၁၅ ရက်မှာဖူကူအိုကာ၊ မေ ၁၇-၁၈ မှာအိုဆာကာ၊ မေ ၂၆ မှာဟီရိုရှီးမား၊ မေ ၂၈ မှာနာဂိုယာ၊ ဇွန် ၁၈-၂၀ မှာတိုကျိုနဲ့ ဇွန် ၂၃ မှာဆန်ဒိုင်းမြို့တို့မှာဖျော်ဖြေပွဲတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

GOT7

အယ်လ်ဘမ်မဖြန့်ချိမီမှာ GOT7 အဖွဲ့ဟာ “GOT7 2018 World Tour Eyes On You"အမည်နဲ့ ကမ္ဘာလှည့် ဖျော်ဖြေပွဲကိုစတင်မှာဖြစ်ပြီတော့ မေ ၄-၆ ရက်၊ ဆိုးလ်မြို့မှာရှိတဲ့ Jamsil Gymnasiumမှာဖျော်ဖြေပွဲတွေ ပြုလုပ်မှာဖြစ်ပါတယ်။ အဲဒီနောက် အဖွဲ့ဟာဘန်ကောင်၊ မကာအို၊ မော်စကို၊ ဘာလင်၊ ပဲရစ်၊ တိုင်ပေနဲ့ ဂျာကာတာမြို့တွေဆီသွားရောက်မှာဖြစ်ပါတယ်။ အဖွဲ့ဟာတိုရန်တို၊ လော့စ်အင်ဂျလိစ်၊ ဟူစတန်၊ နယူးယောက် စီးတီးနဲ့ မက္ကကိုစီးတီးတို့မှာလည်းဖျော်ဖြေပွဲတွေပြုလုပ်သွားမှာဖြစ်ပါတယ်။
Yonhap

ဆက်စပ်နေသော ရေးသားချက်များ

Banner Top