Banner Top

Member Area

ဂျပန်မှာ ပထမဆုံးသီးသန့် Showcase လုပ်မယ့် ထယ်ယွန်

  •  WN
  • Category: Music

Girls' Generation အဖွဲ့ဝင် ထယ်ယွန်ဟာ တကိုယ်တော်အနုပညာရှင်တစ်ဦးအနေနဲ့ လာမယ့် ဇွန်လ၊ ဂျပန်နိုင်ငံမှာ ပထမဆုံး Showcase နယ်လှည့်ပွဲကို ကျင်းပမှာ ဖြစ်တယ်လို့ ဧပြီ ၅ ရက်မှာ သူ့အေဂျင်စီက ဆိုပါတယ်။

အဲဒီနယ်လှည့်ပွဲဲဟာဆိုရင် ဖူကူအိုကာ၊ နာဂိုယာ၊ တိုကျိုနဲ့ အိုဆာကာမြို့ ဂျပန်မြို့ လေးခု ပါဝင်မှာဖြစ်ပြီး ပွဲကျင်းပမယ့်ရက်အသေးစိတ်ကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ SM အင်တာတိန်းမန့်က ပြောကြားခဲ့ပါတယ်။ Girls' Generation အဖွဲ့ဝင် ထယ်ယွန်ဟာ တကိုယ်တော်အနုပညာရှင်တစ်ဦးအနေနဲ့ လာမယ့် ဇွန်လ၊ ဂျပန်နိုင်ငံမှာ ပထမဆုံး Showcase နယ်လှည့်ပွဲကို ကျင်းပမှာ ဖြစ်တယ်လို့ ဧပြီ ၅ ရက်မှာ သူ့အေဂျင်စီက ဆိုပါတယ်။ အဲဒီနယ်လှည့်ပွဲဲဟာဆိုရင် ဖူကူအိုကာ၊ နာဂိုယာ၊ တိုကျိုနဲ့ အိုဆာကာမြို့ ဂျပန်မြို့ လေးခု ပါဝင်မှာဖြစ်ပြီး ပွဲကျင်းပမယ့်ရက်အသေးစိတ်ကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ SM အင်တာတိန်းမန့်က ပြောကြားခဲ့ပါတယ်။ 

၂၀၀၇ ခုနှစ်မှာ Girls' Generation အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပွဲဦးထွက်ခဲ့တဲ့ Taeyeon ဟာ ၂၀၁၅ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံး EP အယ်လ်ဘမ် “I” နဲ့ တကိုယ်တော်အနုပညာရှင်ဘဝကိုစတင်ခဲ့ပါတယ်။ သူဟာ နာမည်ကျော် သီချင်းတွေဖြစ်တဲ့ Rain," "Why," "11:11" နဲ့ "Fine" တို့ကို ဖြန့်ချိထားပြီးဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ သူဟာ တတိယမြောက် EP အယ်လ််ဘမ် ဖြစ်တဲ့ "This Christmas: Winter Is Coming" ကို ဖြန့်ချိခဲ့ပြီး အလားတူ အောင်မြင်မှုတွေ ရရှိခဲ့ပြန်ပါတယ်။ ပြီးတော့သူဟာ ဧပြီ ၆ ရက် ဒူဘိုင်းမှာရှိတဲ့ Autism Rocks Arena မှာ ပြုလုပ်မယ့် SM အနုပညာရှင်တွေနဲ့ နှစ်စဉ်နယ်လှည့်ဖျော်ဖြေပွဲကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

 

yonhap

ဆက်စပ်နေသော ရေးသားချက်များ

Banner Top