Banner Top

Member Area

“Face Yourself” အယ်လ်ဘမ်နဲ့ ဂျပန်နိုင်ငံမှာ တတိယအကြိမ်မြောက် ပလက်တီနမ်အဆင့်သတ်မှတ်ခံရတဲ့ BTS အဖွဲ့

BTS အဖွဲ့ဟာ ဂျပန်နိုင်ငံမှာ တတိယအကြိမ်မြောက်အဖြစ် ပလက်တီနမ်အဆင့် သတ်မှတ်ခံလိုက်ရပြီဖြစ်ပါတယ်။ မေ ၁၀ ရက်မှာ BTS အဖွွဲဲ့ရဲ့ နောက်ဆုံး ဂျပန်အယ်လ်ဘမ်  “Face Yourself” ဟာ အယ်လ်ဘမ်ရောင်းချရမှု ၂ သိန်းခွဲကျော်ခဲ့ပြီးတဲ့နောက် ပလက်တီနမ်အဆင့် သတ်မှတ်ခံလိုက်ရပြီဖြစ်တယ်လို့ ဂျပန်အသံသွင်းလုပ်ငန်းအသင်းက ကြေညာခဲ့ပါတယ်။

BTS3

BTS အဖွဲ့ဟာ ဒီနှစ်အစောပိုင်းမှာပဲ  “MIC Drop/DNA/Crystal Snow” အစရှိတဲ့ Single သီချင်းနဲ့ ဂျပန်နိုင်ငံမှာ စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Single တစ်ပုဒ်နဲ့ ပလက်တီနမ်နှစ်ထပ်ကွမ်း ရရှိခဲ့တဲ့ တစ်ခုတည်းသောနိုင်ငံခြားအနုပညာရှင် ဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့ တတိယမြောက် ဂျပန်စတူဒီယိုအယ်လ်ဘမ် “Face Yourself” ရဲ့ အောင်မြင်မှုနဲ့အတူ BTS အဖွဲ့ဟာ ဂျပန်နိုင်ငံမှာ တတိယအကြိမ်မြောက်အဖြစ် ပလက်တီနမ်အဆင့်ကို ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

အဖွဲ့ဟာ လက်ရှိမှာတော့ မေ ၁၈ ရက်မှာပြုလုပ်မယ့် comeback အတွက် “Love Yourself: Tear” အယ်လ်ဘမ်နဲ့အတူ ပြင်ဆင်နေပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top