Banner Top

Member Area

'SMTOWN Live World Tour VI' ကို ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ကျင်းပမည်

'SMTOWN Live World Tour VI' ကို ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။ ဒီနှစ်ရဲ့ 'SMTOWN Live 2018 in Osaka' ဖျော်ဖြေပွဲကို ၃ ရက်ကြာပြုလုပ်မှာ ဖြစ်ပါတယ်။ ဇူလိုင် ၂၈ ရက် ဂျပန်စံတော်ချိန် ညနေ ၃ နာရီမှာ ပွဲကို စတင်ဖွင့်လှစ်မှာဖြစ်ပြီး ညနေ ၅ နာရီမှာ ဖျော်ဖြေပွဲ စတင်မှာ ဖြစ်ပါတယ်။


ဇူလိုင် ၂၉ ရက်မှာတော့ ပွဲကို မွန်းလွဲ ၂ နာရီမှာ ဖွင့်လှစ်မှာဖြစ်ပြီး ဖျော်ဖြေပွဲကို ညနေ ၄ နာရီမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဇူလိုင် ၃ဝ မှာတော့ ပိတ်ပွဲအခမ်းအနားကို ညနေ ၃ နာရီမှာ ပြုလုပ်မှာ ဖြစ်ပြီး ဖျော်ဖြေပွဲကို ညနေ ၅ နာရီမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ၃ ရက်ကြာမယ့် ဖျော်ဖြေပွဲကို အိုဆာကာမြို့က Kyocera Dome မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

EXO
'SMTOWN Live 2018 in Osaka' မှာ ဖျော်ဖြေမယ့် အနုပညာရှင်တွေထဲမှာတော့ Kangta, BoA, TVXQ, Super Junior, Girls' Generation အဖွဲ့ဝင်တွေ ဖြစ်တဲ့ Taeyeon, Hyoyeon, နဲ့ YoonA, SHINee, f(x) အဖွဲ့ဝင် Amber and Luna, EXO, Red Velvet, NCT, TraxX, Sunday နဲ့ J-Min တို့ပါဝင်ပါတယ်။

allkpop

ဆက်စပ်နေသော ရေးသားချက်များ

Banner Top