Banner Top

Member Area

နာမည်ကျော် Webtoon ကိုအခြေခံထားတဲ့ Web ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသားအဖြစ် Sehun ပါဝင်မယ်

  •  Micky
  • Category: News

EXO အဖွဲ့ဝင် Sehun ဟာ ကိုရီးယားပြည်တွင်း အနုပညာလုပ်ငန်းမှာ ပထမဆုံးခေါင်းဆောင်မင်းသား အနေနဲ့ ပါဝင်လာဖို့ရှိပါတယ်။

Sehun

ဖေဖော်ဝါရီ ၁၂ ရက်မှာပဲ SM အင်တာတိန်းမန့်ကနေ သူဟာ “Dokgo Rewind” ဆိုတဲ့ Web ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်မှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ အေဂျင်စီက အခုလိုပြောထားပါတယ်။

"ရုပ်ရှင်ရဲ့ ၈၀ ရာခို်င်နှုန်းလောက်က အက်ရှင်ဖြစ်ပြီးတော့ ‘The Villainess’ ရုပ်ရှင်ရဲ့ အက်ရှင်ဒါရိုက်တာလည်း ပါဝင်လာမှာဖြစ်ပါတယ်၊ ‘The Villainess’ ရုပ်ရှင်ရဲ့ လက်ထောက်ဒါရိုက်တာတစ်ဦး က ရိုက်ကူးမှာ ဖြစ်ပါတယ်"

ဒါ့အပြင် စောင့်မျှော်ရကျိုးနပ်မယ်လို့လည်း ပြောဆိုထားပါတယ်။ “Dokgo Rewind” ရုပ်ရှင်ဟာ နာမည်ကျော် webtoon တစ်ခုကို အခြေခံထားတာဖြစ်ပါတယ်။ Sehun ဟာ အကြမ်းဖက်မှုတစ်ခုကြောင့် ကွယ်လွန်ခဲ့တဲ့ အစ်ကို ဖြစ်သူအတွက် ကျောင်းတွင်းဂိုဏ်းတစ်ခုကို လက်တုန့်ပြန် ကလဲ့စားချေဖို့ ကြိုးစားမယ့် ဇာတ်ရုပ်ကနေ ပါဝင်မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နပန်းသမားဟောင်း ထယ်ဂျင်နဲ့ ကျောင်းတွင်းလူဆိုးဂိုဏ်းကနေ ထွက်ဖို့ ကြိုးစားနေတဲ့ ဂျုံအီတို့က ဂန်ယော့နဲ့ သူငယ်ချင်းဖြစ်ခဲ့ကြတဲ့အကြောင်း အခြေခံထားမှာလည်း ဖြစ်ပါတယ်။

ဒီ Web ရုပ်ရှင်ကို ၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက်ကာလမှ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။
soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top