Logo
Print this page

ဖြောင်းချန်းအိုလံပစ်ပိတ်ပွဲအခမ်းအနားမှာ EXO နှင့် CL ဖျော်ဖြေမည်

EXO အဖွဲ့နဲ့ CL တို့ဟာ ၂၀၁၈ ခုနှစ် ဖြောင်းချန်းအိုလံပစ်ပိတ်ပွဲအခမ်းအနားမှာ ဖျော်ဖြေမယ်လို့ သိရပါတယ်။ သူတို့တွေကို ပိတ်ပွဲအခမ်းအနားအတွက် အမျိုးမျိုးသော အနုပညာရှင်တွေထဲကနေ ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။ EXO အဖွဲ့ကကလည်း ကိုရီးယားပြည်တွင်းနဲ့ ပြည်ပမှာပါ အတွေ့အကြုံတော်တော်များများ ရှိပြီးတော့ CL ဟာ ဆိုရင်လည်း 2NE1 အဖွဲ့ကို ဖျက်သိမ်းပြီးတဲ့နောက် တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှု အနေနဲ့ ကိုရီးယားနိုင်ငံပြင်ပမှာ လုပ်ဆောင်နေလို့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

EXO CL XPN

 

တစ်ဖက်မှာတော့ EXO အဖွဲ့ဟာ အဖွဲ့ဝင် Baekhyun ကိုယ်တိုင်က ဖွင်ပွဲမှာ နိုင်ငံတော်သီချင်းကို သီဆိုခဲ့တာ၊ '2014 Incheon Asia Games' ကို အဖွဲ့လိုက်တက်ရောက်ပြီး ဖွင့်လှစ်ခဲ့တာမျိုး အတွေ့အကြုံတွေ အများကြီး ရှိထားတာပါ၊ ဖြောင်းချန်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက်ကနေ ၂၅ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

KL

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!