Banner Top

Member Area

အန်ဟျိုဆော့နှင့် ကင်ယူဂျောင်းတို့၏ ဒရမ်မာအသစ် လာမယ့် ဧပြီလမှာ ပြမယ်

  •  Micky
  • Category: News

နာမည်ကျော် Webtoon တစ်ခုကို အခြေခံထားတဲ့ “Clean With Passion for Now” လို့အမည်ရတဲ့ ဒရမ်မာ ဇာတ်လမ်းတွဲမှာ မင်းသား အန်ဟျိုဆော့နဲ့အတူ မင်းသမီးလေး ကင်ယူဂျောင်းတို့က ပါဝင်လာကြမယ်လို့ ဆိုပါတယ်။

Ahn Hyo Seop Kim Yoo Jung

အင်မတန်အသန့်အပြန့်ကြိုက်တဲ့ ဂျန်ဆွန်းဂျူနဲ့ ဘာဆိုဘာမှဂရုမစိုက်ဘဲ ညစ်ညစ်ပေပေ နေတတ်တဲ့ ဂီအိုဆိုးလ် တို့ဟာ သူတို့ရဲ့ အမူအကျင့်တွေကို ပြောင်းလဲသွားကြပြီး ထူးဆန်းတဲ့ အခြေအနေတစ်ခုမှာ မေတ္တာမျှခဲ့ကြတဲ့ အကြောင်းကိုဇာတ်အိမ်တည်ထားပါတယ်။
အန်ဟျိုဆော့ကတော့ သန့်ရှင်းရေးကုမ္ပဏီကြီးတစ်ခုကို ပိုင်ဆိုင်တဲ့ ဂျန်ဆွန်းဂျူအဖြစ် ပါဝင်မှာဖြစ်ပါတယ်၊ ရုပ်ရည်သန့်ပြန့်မှုနဲ့ ချမ်းသာမှုတို့ကြောင့် ပြည့်စုံတဲ့ လူတစ်ယောက်လို့ ပြောနိုင်ပေမယ့် အသန့်အပြန့်ကြိုက်လွန်းတဲ့ အစွဲကြောင့် တခြားသူများကို ထိတို့ဖို့ကို တွန့်ဆုတ်နေလေ့ရှိပါတယ်၊ ဒါပေမယ့် ဂီအိုဆိုးလ်ဆိုတဲ့ မိန်းကလေးနဲ့တွေ့လိုက်တဲ့အခါမှာတော့ အသန့်အပြန့်ကို အလွန်အကျူးကြိုက်နှစ်သက်လွန်းတဲ့ သူ့ရဲ့စိတ်တွေ ပြောင်းလဲခဲ့ရပါတော့တယ်။ ကင်ယူဂျောင်းကတော့ ဂီအိုဆိုးလ် နေရာကနေ သရုပ်ဆောင်မှာဖြစ်ပါတယ်။

“Clean With Passion for Now” ဇာတ်လမ်းတွဲကို JTBC ရုပ်သံလိုင်းမှာ လက်ရှိ တနင်္လာ-အင်္ဂါနေ့တိုင်း ပြသနေတဲ့ “Waikiki" ဇာတ်လမ်းတွဲပြီးရင် ပြသသွားမှာပဲ ဖြစ်ပါတယ်။


soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top