Banner Top

Member Area

ကင်ယူဂျောင်းနဲ့ အမြဲတစေအနှိုင်းယှဉ်ခံရခြင်းကို စိတ်မသက်မသာဖြစ်မိကြောင်း ကင်ဆိုယောင်း ပြော

  •  WN
  • Category: News


မင်းသမီးလေး ကင်ဆိုယောင်းဟာ သူနဲ့ ကင်ယူဂျောင်းတို့ကြားက နှိုင်းယှဉ်မှုတွေနဲ့ ပတ်သက်ပြီး ရိုးသားတဲ့ အတွေးအမြင်တွေကို ပြောပြပေးခဲ့ပါတယ်။

သူတို့နှစ်ဦးသား သက်တူရွယ်တူဖြစ်ပြီး ကလေးသရုပ်ဆောင် များအဖြစ် သရုပ်ဆောင်အလုပ်ကိုစတင်ခဲ့သူများလည်း ဖြစ်ပါတယ်။ သူတို့ဟာ တူညီတဲ့လမ်းကြောင်းမှာ လျှောက်လှမ်းနေတဲ့အတွက် ကင်ဆိုယောင်းနဲ့ ကင်ယူဂျောင်းတို့ဟာ တခါတရံနှိုင်းယှဉ်ခံရပြီး တခါတရံ ပြိုင်ဘက်များအဖြစ် ရှုမြင်ခံရလေ့ရှိပါတယ်။ Sports Today နဲ့ မကြားသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ကင်ဆိုယောင်းဟာ “ရိုးရိုးသားသား ပြောရရင် ကျွန်မတို့ ငယ်စဉ်အချိန်မှာ ကင်ယူဂျောင်နဲ့ အနှိုင်းယှဉ်ခံရတာကို စိတ်မသက်သာဖြစ်တယ်လို့ ခံစားရတာ အမှန်ပါပဲ၊ အဲဒါအပြင် ကျွန်မတို့က အသက်တူလို့ ဒါမှမဟုတ် ပုံစံတူလို့ အခုထက် အရင်တုန်းက ပိုပြီး နှိုင်းယှှုဉ်ခံရပါတယ်၊ အဲဒီလိုနှိုင်းယှဉ်ခံရတာကြောင့် စိတ်မသက်မသာ ဖြစ်ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

 


ဒါပေမယ့် ကင်ဆိုယောင်းက အဲဒီပြဿနာကို ကျော်လွှားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူက “ကျွန်မက ကင်ယူဂျောင်းနဲ့ နှိုင်းယှဉ်ခံရတာ ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီကနေ့မှာရော ဘာပဲဖြစ်ဖြစ် ကျွန်မ ကျော်သွားလိုက်တယ်၊ အဲဒါနဲ့ပတ်သက်လို့ ကျွန်မအများကြီး တွေးမနေဘူး၊ စိတ်မသက်မသာလည်း မဖြစ်မိဘူး၊ လုံးဝလည်း စိတ်မရှုပ်မိဘူး” လို့ပြောဆိုထားပါတယ်။

ထပ်ပြီးတော့ မင်းသမီး ကင်ဆိုယောင်းက “ ကျွန်မတို့ မကြာခဏမတွေ့ဖြစ်ပေမယ့် အချိန်အလျဉ်းသင့်ရင် သင့်သလို တစ်ဦးနဲ့တစ်ဦး သာကြောင်းမာကြောင်း မေးဖြစ်ကြပါတယ်၊ လူတွေက ကျွန်မတို့ကို ပြိုင်ဘက်လို့ ပြောကြတယ်၊ ဒါပေမယ့် ကျွန်မတို့က လုပ်ဖော်ကိုင်ဖက်တွေပါ၊ ကျွန်မတို့ငယ်ရွယ်စဉ်နေ့တွေမှာ အတူတူ ပရိုးမိုးရှင်းလုပ်ပြီးတဲ့နောက် တင်ကျန်ခဲ့တဲ့ သူတွေဖြစ်တဲ့အတွက် ထူးခြားပါတယ်၊ သူ့အကြောင်း မကောင်းသတင်းတွေ ကြားလိုက်ရတဲ့အခါ ကျွန်မနာကျင်ခံစားရပါတယ်၊ သူ့ကျန်းမာရေး ပြဿနာ သတင်းတွေနဲ့ ပတ်သက်လို့ ကျွန်မလည်း စိုးရိမ်မိပါတယ်၊ သူနေထိုင်ကောင်းပါစေဖို့ ကျွန်မစိတ်ရင်းနဲ့ ဆုတောင်းပါတယ်၊ ပြီးတော့ သူ့ကိုလည်း အားပေးပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

 

allkpop

ဆက်စပ်နေသော ရေးသားချက်များ

Banner Top