Banner Top

Member Area

သိုင်းရွိုက်အကျိတ်ခွဲစိတ်ကုသရဖို့ရှိနေတဲ့ မင်းသမီးလေး ကင်ယူဂျောင်း

  •  Micky
  • Category: News

မင်းသမီး ကင်ယူဂျောင်းဟာ သိုင်းရွိုက်အကျိတ်ခွဲစိတ်ကုသဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

kim yoo jung

အတွင်းသတင်းတစ်ခုက "ကင်ယူဂျောင်းဟာ မကြာသေးခင်က ကျန်းမာရေးမကောင်းဖြစ်ခဲ့ပါတယ်၊ ဒါကြောင့် သူဟာ ဆေးရုံကို သွားခဲ့ပါတယ်။ သူဟာ သိုင်းရွိုက်အကျိတ်ခွဲစိတ်ကုသဖို့ လိုအပ်ခဲ့ပါတယ်၊ လအနည်းငယ်တော့ သူဟာ ပရိုမိုရှင်း လုပ်နိုင်မှာမဟုတ်ဘဲ ခွဲစိတ်ကုသမှုနဲ့ ပြန်လည်သက်သာလာဖို့ အတွက်စဉ်းစားရမှာပဲဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

မင်းသမီးဟာ လက်ရှိမှာ 'First, Clean Passionately' အမည်ရှိတဲ့ ဒရမ်မာမှာ ပါဝင်နေတာဖြစ်ပါတယ်။ သူဟာ ဇာတ်ညွှန်းဖတ်ခဲ့ပြီးတော့ ရိုက်ကူးရေး တစိတ်တပိုင်းကို စတင်ခဲ့ပြီဖြစ်ပေမယ့် ဒီဒရမ်မာဟာ ဆက်ပြီး ရိုက်ကူးရေး လုပ်နိုင်တော့မှာမဟုတ်ပါဘူး။ ကင်ယူဂျောင်းရဲ့ ကျန်းမာရေး အခုဘယ်လိုရှိသလဲလဆိုတာ စစ်ဆေးဖို့ လိုအပ်ကြောင်း၊ ပြန်လည်သက်သာဖို့ အချိန်ဘယ်လောက် လိုအပ်မလဲဆိုတာ စစ်ဆေးနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဒရမ်မာဟာ လာမယ့် ဧပြီလထဲမှာ ထုတ်လွှင့်ဖို့ စီစဉ်ထားတာပါ၊ ဒါကြောင့် မင်းသမီးရဲ့ ပြန်လည်သက်သာမယ့် အချိန်ကို ရိုက်ကူးရေးဝန်ထမ်းတွေက အကြာကြီးစောင့်ဆိုင်းနိုင်မှာ မဟုတ်ပါဘူး။
allkpop

ဆက်စပ်နေသော ရေးသားချက်များ

Banner Top