Banner Top

Member Area

'18 Again' ဒရာမာထဲက သရုပ်ဆောင်စွမ်းရည်ကြောင့် မင်းသား Lee Dohyun ချီးကျူးခံရ

မင်းသား Lee Dohyun ဟာ JTBC ရုပ်သံကနေထုတ်လွှင့်နေတဲ့ စိတ်ထိခိုက်နာကျင်ရတဲ့ ဇာတ်ဝင်ခန်းမှာ သူ့ရဲ့ထူးခြားပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ချီးကျူးခံနေရပါတယ်။

'18 Again' ဒရာမာရဲ့ အပိုင်း ၈ ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်မှာ ထုတ်လွှင့်ခဲ့ပြီး မင်းသား Lee Dohyun ပါဝင်ထားတဲ့ ဟုန်းဒယ်ယောင်းဟာ မိခင်ဖြစ်သူကွယ်လွန်သွားလို့ ငိုကြွေးခဲ့တဲ့ အခန်းပါဝင်ခဲ့ပါတယ်။
မိခင်ဖြစ်သူ နေမကောင်းဖြစ်နေတာကို မသိခဲ့တဲ့ ဟုန်းဒယ်ယောင်းဟာ မိခင်ဟာ နာတာရှည်အဖျားရောဂါကို ခံစားနေခဲ့ရတယ်ဆိုတာကို အချိန်နောက်ကျပြီးမှာ သိရှိခဲ့ရတာပါ။ သူ့ရဲ့ မိခင်ဟာ ခွဲစိတ်မှုမအောင်မမြင်ဖြစ်ခဲ့ရာကနေ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

1602647986510 0
အဲ့ဒီဇာတ်ဝင်ခန်းမှာ ဟုန်းဒယ်ယောင်းဟာ စိတ်လှုပ်ရှားစွာနဲ့ ငိုကြွေးခဲ့ပြီး သူ့ရဲ့ဖခင်ကို ဒေါသတကြီးနဲ့ အော်ဟစ်ခဲ့ပါတယ်။ သူက "နိုးလိုက်" "အမေက ဒီလောက် နေမကောင်းဖြစ်နေတာဘာလို့ ကျနော်က အခုမှ သိရတာလဲ။ ဘာလို့ ကျနော့်ကို ဒီအကြောင်း မပြောခဲ့ရတာလဲ။ ဘာလို့ ကျနော့်ကို စောစောမပြောခဲ့ရတာလဲလို့ ကျနော်မေးနေတယ်လေ။" လို့ ပြောဆိုခဲ့ပါတယ်။

1602648042107 1

အဲ့ဒီဒရာမာအပိုင်းနဲ့ ပတ်သက်လို့ မှတ်ချက်တွေမှာတော့ "သူ့ရဲ့သရုပ်ဆောင် စွမ်းရည်ကြောင့် ငါတော်တော်လေး ခံစားရတယ်။" "သူ့ရဲ့ ငိုတဲ့ ဇာတ်ဝင်ခန်းဟာ ငါ့နှလုံးသားကို တကယ်ပဲ ကွဲကြေစေတယ်။" "သူဟာ ဒီဒရာမာအတွက် ဆုတစ်ခုလောက်ရသင့်တယ်။" စသဖြင့် ပြောဆိုနေကြပါတယ်။

အဲ့ဒီဇာတ်ဝင်ခန်းကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top