Banner Top

Member Area

ChildFund Korea Major Donor Club ရဲ့ အသက်အငယ်ဆုံး အဖွဲ့ဝင်ဖြစ်လာတဲ့ ကင်ယူဂျောင်း

  •  mpc
  • Category: News

မင်းသမီးဟာ အဓိပ္ပါယ်ရှိတဲ့လှူဒါန်းမှုတစ်ခုကို ပြုလုပ်ခဲ့ပြီလည်း ဖြစ်ပါတယ်။

အောက်တိုဘာလ၂၇ရက်နေ့မှာ ChildFund Korea က "ကင်ယူဂျောင်းဟာ Green Noble Club ရဲ့ ၂၂၉ ယောက်မြောက် အဖွဲ့ဝင်ဖြစ်လာခဲ့ပါပြီ" လို့ ထုတ်ပြန်ခဲ့ပါတယ်။

ChildFund Korea ရဲ့ Green Noble Club ကို အနည်းဆုံး ကိုရီးယားဝမ် သန်း ၁၀၀ (အမေရိကန် ဒေါ်လာ ၈၈၆၀၀) လှူဒါန်းထားတဲ့သူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ကင်ယူဂျောင်းဟာဆိုရင် ကလပ်ရဲ့ အသက်အငယ်ဆုံး အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ Green Noble Clubမှာဆိုရင် ဆောင်အီဂွတ်(၂၀၁၇)၊ TVXQအဖွဲ့ဝင် ချန်းမင်(၂၀၁၈)နဲ့ BTS အဖွဲ့ဝင် J-Hope(၂၀၁၉) တို့လိုမျိုး အနုပညာရှင်တွေအပြင် အနုပညာရှင် မဟုတ်တဲ့သူတွေလည်း ပါဝင်ပါတယ်။

ကင်ယူဂျောင်းဟာဆိုရင် ပွဲဉီးထွက်ကတည်းက အခြားအမည်တစ်ခုနဲ့ လှူဒါန်းမှုတွေကို တိတ်တဆိတ်ပြုလုပ်နေတာဖြစ်ပြီး COVID-19 ကြောင့် ဝင်ငွေနည်းပါးတဲ့ ကလေးတွေကိုလည်း လှူဒါန်းခဲ့ပါတယ်။ ကျန်ရှိတဲ့ ရက်ရောတဲ့ လှူဒါန်းငွေတွေကို နေမကောင်းတဲ့ကလေးတွေရဲ့ ဆေးဘက်ဆိုင်ရာ ကုန်ကျမှုအတွက် ငွေကြေးထောက်ပံ့မှုတွေမှာ အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။

#mpc

ဆက်စပ်နေသော ရေးသားချက်များ

Banner Top