Logo
Print this page

ပန်ဒါပေါက်လေးတွေကို အန္တရာယ်ရောက်အောင်လုပ်နေတယ်လို့ BLACKPINK အဖွဲ့စွပ်စွဲခံရ

တရုတ်အင်တာနက်အသုံးပြုသူတွေကတော့ အခု BLACKPINK ဘက် မြားဦးလှည့်သွားပြန်ပါပြီ။

နိုဝင်ဘာလ ၃ ရက်နေ့မှာ မကြာခင်တင်ဆက်တော့မယ့် '24/365 with BLACKPINK' အပိုင်းအကြိုဗီဒီယိုကို ဖြန့်ချိခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုထဲမှာ BLACKPINK အဖွဲ့ဝင်တွေဟာ Everland အပန်းဖြေပန်းခြံကို သွားရောက်လည်ပတ်ခဲ့ကြပြီး ပန်ဒါဝက်ဝံအပေါက်လေးတွေနဲ့ အချိန်ကုန်ဆုံးခဲ့ကြပါတယ်။ သူတို့တွေဟာ တိရိစ္ဆာန်ရုံထိန်းသိမ်းသူတွေရဲ့ ကြီးကြပ်မှုနဲ့ ပန်ဒါဝက်ဝံလေးတွေကို ကြည့်ရှုစောင့်ရှောက်ခဲ့ကြပါတယ်။ ပရိသတ်အများစုကတော့ အဲ့ဒါကို စိတ်လှုပ်ရှားခဲ့ကြပါတယ်။ ဒါပေမယ့် တရုတ် ပရိသတ်တွေကတော့ အဲ့ဒါနဲ့မတူတဲ့အမြင်တစ်မျိုး ရှိနေခဲ့ပါတယ်။

တရုတ်အင်တာနက်အသုံးပြုသူတွေက အဖွဲ့ဝင်တွေဟာ လက်အိတ်နဲ့ Mask မပါဘဲ မိတ်ကပ်အပြည့်နဲ့ ဝက်ဝံလေးတွေကို ထိတွေ့ကိုင်တွယ်နေခဲ့ကြတာကြောင့် ဝက်ဝံလေးတွေကို အန္တရာယ်ရောက်အောင်လုပ်နေတယ်ဆိုပြီး စွပ်စွဲခဲ့ကြတာဖြစ်ပါတယ်။

 တကယ်တော့ အဲ့ဒီဝက်ဝံကို တရုတ်အစိုးရက ပိုင်ဆိုင်တာဖြစ်ပါတယ်။ အဲ့ဒီ ဝက်ဝံလေးတွေကို ပန်ဒါသံခင်းတမန်ခင်း စာချုပ်အရ ၁၀ နှစ်ကာလအငှားချထားတာဖြစ်ပါတယ်။

1604622321000 1604622321000

BLACKPINK အဖွဲ့ဝင်တွေဟာ ခွေးတွေကို မွေးမြူထားတာကြောင့် ဝက်ဝံပေါက်လေးတွေတချို့ဟာ ခွေးတွေဆီကနေ ကူးစက်တဲ့ canine distemper ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရတယ်ဖူးတယ်၊ အဲ့ဒီဗိုင်းရပ်စ်ဟာ ဝက်ဝံပေါက်လေးတွေဆီ ကူးစက်နိုင်တဲ့ အလားအလာရှိတယ်ဆိုပြီး ယုံကြည်တဲ့အကြောင်း ပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

စည်းမျဉ်းတွေအရ ကျွမ်းကျင်သူ မဟုတ်ရင် ပန်ဒါဝက်ဝံလေးတွေကို ထိတွေ့ကိုင်တွယ်တာ သူတို့နဲ့ အနီးကပ်ထိတွေ့တာမျိုး မလုပ်ရပါဘူး။ တရုတ်ပြည်နယ်သစ်တော စီမံခန့်ခွဲရေးအဖွဲ့ကတော့ ကျွမ်းကျင်သူမဟုတ်တဲ့သူတွေကြောင့် ပန်ဒါလေးတွေကို ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်နိုင်ချေတိုးလာစေနိုင်တယ်လို့ ပြောဆိုထားပါတယ်။

 1604622024814 1604622024814

အဲ့ဒီအကြောင်း ဖော်ပြထားတဲ့ Weibo ပေါ်က တရုတ်အင်တာနက်သုံးသူတစ်ဦးရဲ့ ပို့မှာဆိုရင် Like ၈ သိန်း၊ မှတ်ချက် ၁ သောင်းကို ၁၅ နာရီအတွင်း ရရှိခဲ့ပြီး ဗီဒိယိုကိုလည်း အကြိမ် ၂၅ သန်းကြည့်ရှုထားတာကိုလည်း တွေ့ရပါတယ်။ အဲ့ဒီပို့စ်မှာတော့ မလိုမုန်းထား မှတ်ချက်တော်တော်များများကိုလည်း မြင်တွေ့ရပါတယ်။

လက်ရှိမှာတော့ ကမ္ဘာတဝန်းမှ BLINK တွေ အထူးသဖြင့် ကိုရီးယား BLINK တွေကတော့ အဲ့ဒီစွပ်စွဲချက်တွေကို ပြန်လည်တုံ့ပြန်နေကြပါတယ်။ BLACKPINK အဖွဲ့အပေါ် တရုတ်အင်တာနက်သုံးသူတွေက လွန်လွန်ကျူးကျူး ပြောဆိုတယ်ဆိုပြီးတော့လည်း တော်တော်များများက စွပ်စွဲပြောဆိုထားကြပါတယ်။ ပြီးခဲ့တဲ့ Van Fleet ဆုပေးပွဲမှာ မှတ်ချက်ပြုခဲ့တဲ့ BTS အဖွဲ့ဝင် RM အပေါ်လုပ်ဆောင်ခဲ့သလို BLACKPINK အဖွဲ့အပေါ် ကျိုးကြောင်းဆီလျော်မှုမရှိဘဲ တရုတ်အင်တာနက်သုံးသူတွေကိ တိုက်ခိုက်နေကြတယ်လို့ ပရိသတ်တချို့ကတော့ ယုံကြည်ထားပါတယ်။
ဒီကိစ္စအတွက်ရော ဘယ်လိုထင်ကြပါသလဲ။ အကြိုဗီဒီယိုလေးကို အောက်မှာ ကြည့်နိုင်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!