Banner Top

Member Area

PUBG MOBILE ကို 'Fun Match' ဂိမ်းပြပွဲအတွက် Streamer တွေနဲ့အတူ ကစားမယ့် BLACKPINK

  •  YuNandarHtun
  • Category: News

အရင်က PUBG MOBILE မှလျှို့ဝှက်ဆန်းကြယ်တဲ့ ဓာတ်ပုံတွေကို အွန်လိုင်းပေါ်မှာချပြပြီး BLACKPINK နဲ့ ပူးပေါင်းမယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

မကြာသေးမီက PUBG MOBILE မှာအတည်ပြုပြောကြားထားတာက PUBG MOBILE X BLACKPINK“ FUN MATCH” ဂိမ်းပြပွဲဟာ နိုဝင်ဘာလမှာ လုပ်ဖြစ်ပါမယ် လို့ဆိုထားပါတယ်။

efgewg

ဒီဂိမ်းပြပွဲဟာဆိုရင် ပရိသတ်တွေကို PUBG MOBILE ကိုကစားနေတဲ့ BLACKPINK ရဲ့တစ်ခြားရှုထောင့်တွေကိုကြည့်ရှုဖို့ ခွင့်ပြုသွားမှာလည်း ဖြစ်ပါတယ်။

သူတို့ကပြပွဲမှာ အထူး ဧည့်သည်တွေဖြစ်တဲ့ ကင်ဟီချောနဲ့ streamer တွေဖြစ်ကြတဲ့ DDEDDEDDEDDE နဲ့ BEENU တို့ကိုဖိတ်ကြားသွားမယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။

ewfg g

DDEDDEDDEDDE မှ Streamer ဟာ အင်စတာဂရမ်မှာ BLACKPINK နဲ့အတူ ဓာတ်ပုံတစ်ပုံတင်ခဲ့ပြီး သူတို့နဲ့တွေ့ဆုံခဲ့ခြင်းအတွက် ဘယ်လောက်ထိ ဂုဏ်ယူကြောင်းပြောကြားခဲ့ပါတယ်။

ဒါကအိပ်မက်တစ်ခုလား။ရုတ်တရက်ဓာတ်ပုံရိုက်ယူပြီး Lisa ဟာသူ့ရဲ့ထိုင်ခုံမှာမဟုတ်ခဲ့လို့ဝမ်းနည်းမိတယ်။ ငါကLisa ရဲ့ပရိသတ်ပါ။ မင်းတို့အားလုံးကိုတွေ့ရတာဂုဏ်ယူတယ်၊ မင်းတို့ ဖျော်ဖြေပွဲကို သွားဖို့ သေချာသွားမှာပါ လို့ဆိုထားပါတယ်။

လာမယ့် BLACKPINK နဲ့PUBG MOBILE တို့ပွဲအတွက်သင်ရော ဘယ်လောက်ထိ စိတ်လှုပ်ရှားနေပါသလဲ။

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Banner Top