Banner Top

Member Area

BLACKPINK အဖွဲ့ဟာ Billboard ရဲ့ Artist 100 ဇယား နံပါတ် ၁ ရတဲ့ ပထမဆုံးမိန်းကလေးအဖွဲ့ ဖြစ်လာ

  •  WN
  • Category: Music

BLACKPINK အဖွဲ့ဟာထိပ်ဆုံးကို ရောက်ခဲ့ပါပြီ။

အောက်တိုဘာ ၁၇ ရက်စွဲဖော်ပြထားတဲ့ Billboard ရဲ့ Artist 100 ဇယားမှာတော့ BLACKPINK အဖွဲ့ဟာ 'THE ALBUM' အယ်လ်ဘမ်နဲ့ နံပါတ် ၁ နေရာကို ရရှိခဲ့တယ်လို့ သိရပါတယ်။ BLACKPINK အဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့နံပါတ် ၆၅ နေရာမှာရှိနေခဲ့တာဖြစ်ပါတယ်။ အဖွဲ့ဝင် ၄ ဦးပါဝင်တဲ့ သူတို့အဖွဲ့ဟာ အဲ့ဒီဇယားထိပ်ဆုံးကို ရောက်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးအဖွဲ့ ဖြစ်လာခဲ့ပြီး BTS နဲ့ SuperM တို့ပြီးရင် တတိယမြောက် ရောက်ရှိခဲ့တဲ့ ကိုရီးယားအနုပညာရှင်ဖြစ်ခဲ့ပါတယ်။

1602645566618 0


Billboard ရဲ့အဆိုအရ Artist 100 ဇယားဟာ ဂီတအသုံးပြုမှု အချိုးအစား၊ အယ်လ်ဘမ်နဲ့ သီချင်းရောင်းချရမှု၊ ရေဒီယိုထုတ်လွှင်ံ့မှု၊ Streaming ပြုလုပ်မှု၊ ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေရဲ့ ပြောဆိုမ့တွေကနေ တဆင့် အနုပညာရှင်ရဲ့ လုပ်ငန်းဆောင်တာတွေကိ ုတိုင်းတာပြီး အပတ်စဉ် အနုပညာရှင်တွေရဲ့ နာမည်ကျော်ကြားမှုကို အဆင့်သတ်မှတ်တဲ့ ဇယားလည်း ဖြစ်ပါတယ်။
တခြားဇယားတွေမှာတော့ BLACKPINK အဖွဲ့ရဲ့ 'THE ALBUM' ဟာ Billboard 200 ဇယားရဲ့နံပါတ် ၂ နေရာနဲ့ World Albums ဇယားရဲ့ နံပါတ် ၁ နေရာမှာ ရတည်နေပါတယ်။ ဒါ့အပြင် Hot 100 သီချင်းစာရင်းမှာလည်း'Lovesick Girls' သီချင်းက နံပါတ် ၅၉ နဲ့ 'Ice Cream' သီချင်းတို့က နံပါတ် ၆၄ နေရာမှာ အသီးသီးရပ်တည်နေပါတယ်။

 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top