အမြွှာသား ၃ ဦးရဲ့ ဓါတ်ပုံတွေကို တင်ခဲ့တဲ့ ဆောင်းအီဂွတ်
ကျွန်တော်တို့ထင်ထားတာထက်ပိုပြီးတော့ ဒယ်ဟန်း၊ မင်းဂု၊ မန်းဆယ်တို့ ဟာ ကြီးပြင်းလာကြပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၄ ရက်မှာ အမြွှာကလေး ၃ ဦးရဲ့ ဖခင်ဖြစ်တဲ့ မင်းသားဆောင်းအီဂွတ်ဟာ ကလေးတွေ ရေချိုးကန်ထဲမှာ ရေချိုးနေတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုကို သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပါတယ်။ ပရိသတ်တွေကတော့သူတို့လေးတွေကို 'Superman is Back' အစီအစဉ်ထဲကလို ကလေးတွေ ပူတူတူးလေးတွေ အဖြစ်မှတ်မိကြပေမယ့် အခုတော့ ၃ ယောက်လုံးက ကလေးငယ်လေးတွေ အဖြစ် ကြီးပြင်းလို့လာပါပြီ။ ဆောင်း အီဂွတ်က အခုလိုပဲ ရေးသားခဲ့ပါတယ်။
- Published in News