Warning
  • JUser: :_load: Unable to load user with ID: 935

Banner Top

Member Area

အမြွှာသား ၃ ဦးရဲ့ ဓါတ်ပုံတွေကို တင်ခဲ့တဲ့ ဆောင်းအီဂွတ်

  •  
  • Category: News

ကျွန်တော်တို့ထင်ထားတာထက်ပိုပြီးတော့ ဒယ်ဟန်း၊ မင်းဂု၊ မန်းဆယ်တို့ ဟာ ကြီးပြင်းလာကြပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၄ ရက်မှာ အမြွှာကလေး ၃ ဦးရဲ့ ဖခင်ဖြစ်တဲ့ မင်းသားဆောင်းအီဂွတ်ဟာ ကလေးတွေ ရေချိုးကန်ထဲမှာ ရေချိုးနေတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုကို သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပါတယ်။ ပရိသတ်တွေကတော့သူတို့လေးတွေကို 'Superman is Back' အစီအစဉ်ထဲကလို ကလေးတွေ ပူတူတူးလေးတွေ အဖြစ်မှတ်မိကြပေမယ့် အခုတော့ ၃ ယောက်လုံးက ကလေးငယ်လေးတွေ အဖြစ် ကြီးပြင်းလို့လာပါပြီ။ ဆောင်း အီဂွတ်က အခုလိုပဲ ရေးသားခဲ့ပါတယ်။

 

 

SaungI


"သူတို့က တော်တော်လေးကြီးလာပြီမို့လို့ အတူတူ ရေချိုးဖို့ဆိုတာတော့ ခက်လာပါပြီ၊ ဒယ်ဟန်း၊ မင်းဂု၊ မန်းဆယ်တို့ရေ အတူတူ ရေချိုးနေတုန်း ရန်မဖြစ်ကြနဲ့၊ အနာဂတ်မှာလည်း ကောင်းမွန်တဲ့ ညီအစ်ကိုတွေအဖြစ် ဆက်ရှိနေကြပါ" ဆောင်းအီဂွတ်ဟာ အရင်တုန်းကလည်း ကလေးတွေ ရေချိုးနေတဲ့ ဗီဒီယို Clip လေးတစ်ခုကို ဝေမျှခဲ့ဖူးပါတယ်။

SaunII

 

အဲဒီအချိန်တုန်းကတော့ "အမှတ်ရဖွယ် Pron ဗီဒီယိုကို ထပ်ကြည့်ဖို့ အချိန်ရောက်ပါပြီ၊ သူတို့က တော်တော်လေး ထွားလာကြပြီနော် ဟုတ်တယ်ဟုတ်" လို့ ရေးသားခဲ့ပါတယ်။

 

KL

Banner Top