Warning
  • JUser: :_load: Unable to load user with ID: 935

Banner Top

Member Area

အဆိုတော်တစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ဖူးတယ်လို့ဆိုတဲ့ ကင်ဂျီဝန်း

  •  
  • Category: News

ကင်ဂျီဝန်းဟာ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အဆိုတော်တစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ ဖူးတယ်လို့ ဆိုပါတယ်။ မင်းသမီးတစ်ယောက်အနေနဲ့ အနုပညာလောကထဲ မရောက်ခင် ကင်ဂျီဝန်းဟာ အဆိုတော်တစ်ဦးအနေနဲ့ ပွဲဦးထွက်ဖို့ ပြင်ဆင်ခဲ့တာလို့ ဆိုပါတယ်။ အဆိုတော်တစ်ယောက်အနေနဲ့ ပွဲဦးထွက် မထွက်ခဲ့တာကို နောင်တမရဘူးလားလို့ မေးတဲ့အခါ သူက

"ကျွန်မ Trainee ဖြစ်ခဲ့စဉ် အခါက အနုပညာရှင်တစ်ယောက်ဖြစ်ချင်ခဲ့တာပါ၊ အဲဒီအချိန်မှာပဲ ကျွန်မရဲ့ သရုပ်ဆောင်ပညာရပ်နဲ့ ပတ်သက်လို့ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိခဲ့ပါဘူး၊ ဒါပေမယ့် ကျွန်မသီချင်းဆိုတဲ့ ဘက်မှာလည်း ပါရမီပါမလာပါဘူး၊ ကျွန်မ နောင်တမရပါဘူး" "အဆိုတော်တစ်ဦးဖြစ်ဖို့ လက်လျှော့လိုက်ရတော့မယ်လို့ ကျွန်မတွေးခဲ့့ပါတယ်၊ အဆိုဘက်မှာ ပါရမီရှိတဲ့ သူတွေကို အခွင့်အရေးပေးလိုက်တာ ပိုကောင်းမယ်လို့ ကျွန်မထင်ခဲ့ပါတယ်၊ ကံကောင်းစွာနဲ့ ကျွန်မဟာ သရုပ်ဆောင်ဘက်ကို အာရုံစိုက်နေပါပြီ ပြီးတော့ အဲဒီဘက်ကိုပဲ အာရုံစိုက်ချင်ပါတယ်"

ကင်ဂျီဝန်းဟာ သူနဲ့အတူ အေဂျင်စီတစ်ခုတည်းဖြစ်တဲ့ တစ်ကိုယ်တော်အနုပညာရှင် ယွန်းဟာရဲ့ နောက်ခံ အသံရှင်တစ်ဦးအနေနဲ့ ဖြစ်ခဲ့ဖူးပါတယ်။ ကင်ဂျီဝန်းရဲ့ သီချင်းဆိုစွမ်းရည်နဲ့ ပတ်သက်လို့ တွေ့ြ့မင်လိုသူတွေအတွက် ဗီဒီယိုဖိုင်လေးကိုပါ တပါတည်းရှယ်ပေးလိုက်ပါတယ်။

 

KL

 
 
 
 

Banner Top