Warning
  • JUser: :_load: Unable to load user with ID: 935

Banner Top

Member Area

ထယ်ယန်းနဲ့ မင်ဟိုရင်တို့ မင်္ဂလာဆောင်မှာ ဂီထယ်ယောင်း အခမ်းအနားမှူးအဖြစ် ဆောင်ရွက်မည်

  •  
  • Category: News

မင်းသားဂီထယ်ယောင်းဟာ မနက်ဖြန် (ဖေဖော်ဝါရီ ၃ ရက်) မှာကျင်းပမယ့် ထယ်ယန်းနဲ့ မင်ဟိုရင်တို့ရဲ့ မင်္ဂလာအခမ်းအနားမှာ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂ ရက်မှာ ဂီထယ်ယောင်းရဲ့ အေဂျင်စီက သတင်းအရင်း အမြစ်တစ်ခု က မင်းသားဟာ အဲဒီလက်ထပ်ပွဲကို အခမ်းအနားမှူးအနေနဲ့ ဦးဆောင်ကျင်းပမှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

Ki Tae Young Taeyang Min Hyo Rin

 

 

ဂီထယ်ယောင်းနဲ့ ထယ်ယန်းတို့တာ ဘုရားကျောင်းအတူတူတက်ကြရင်း ရင်းနှီးခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ထယ်ယန်းဟာ ၂၀၁၁ ခုနှစ်မှာ ဂီထယ်ယောင်းနဲ့ ယူဂျင်းတို့ရဲ့ မင်္ဂလာဂုဏ်ပြုတေးကို သီဆိုခဲ့တာ ကြောင့် ဂီထယ်ယောင်းကလည်း အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ဖို့အတွက် ပြန်လည်ဆောင်ရွက်ပေးခဲ့ တာလည်းဖြစ်ပါတယ်။ လေးနှစ်ကြာတွဲခဲ့ပြီးတဲ့နောက် ထယ်ယန်းနဲ့ မင်ဟိုရင်တို့ဟာ ဖေဖော်ဝါရီ ၃ ရက်မှာ လက်ထပ်ကြတော့မှာပဲ ဖြစ်ပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top