Warning
  • JUser: :_load: Unable to load user with ID: 935

Banner Top

Member Area

I`m Not a Robot ဇာတ်လမ်းတွဲ လူကြည့်နှုန်းနည်းခဲ့တဲ့အကြောင်း ပြောပြခဲ့တဲ့ ယူဆောင်းဟို

  •  
  • Category: News

မင်းသား ယူဆောင်းဟိုဟာ သူ့ရဲ့ နောက်ဆုံးဒရမ်မာဖြစ်တဲ့ I`m Not a Robot နဲ့ပတ်သက်တဲ့ ခံစားချက်တွေကို ပြောပြပေးခဲ့ပါတယ်။ မင်းသားက "ဒါဟာ လူကြည့်နှုန်း ၃ ရာခိုင်နှုန်းပဲရှိတဲ့ ကျွန်တော့်ရဲ့ ပထမဆုံး ဒရမ်မာဖြစ်ပါတယ်၊ လူကြည့်နှုန်းနည်းခဲ့တဲ့အတွက် ကျွန်တော့်မှာခက်ခဲခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါတယ်၊ ထုတ်လုပ်ရေးအဖွဲ့ဝင်တွေရဲ့ မျက်နှာကိုတောင် မကြည့်ရဲပါဘူး၊ ဒါပေမယ့် အဲဒီလူကြည့်နှုန်းကလွဲရင်တော့ အဲဒါဟာ တကယ့်ကိုအဓိပ္ပါယ်ပြည့်ဝတဲ့ ဒရမ်မာတစ်ခုလို့ထင်ပါတယ်၊ လူကြည့်နှုန်းက စိတ်ကျေနပ်စရာမရှိပေမယ့်လည်း ဒရမ်မာကို ကျွန်တော် ဘာလို့ ကြိုက်ရတာလဲဆိုတော့ ထုတ်လုပ်ရေးမှူးနဲ့ ဝန်ထမ်းတွေက အကောင်းမြင်ပေးကြပြီး စုပေါင်းအလုပ်လုပ်ကိုင်မှုကလည်း တော်တော်လေးကို ကောင်းခဲ့လို့ပါ" လို့ ပြောကြားခဲ့ပါတယ်။

ဆက်ပြီးသူက "လူကြည့်နှုန်းဆိုတာတော့ အရေးကြီးတာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်၊ ချို့ယွင်းချက်ရှိနေတဲ့ တချို့အရာတွေလည်း ရှိခဲ့ပါတယ်၊ ဒါပေမယ့် ကိန်းဂဏန်းတွေနဲ့ ဒီဒရမ်မာကို မဆုံးဖြတ်ချင်ပါဘူး၊ ရိုက်ကူးရေးအတွင်းမှာ ကျွန်တော်တော်တော်လေး ပျော်ရွှင်ခဲ့ရပါတယ်၊ အရင်တုန်းကထက် ဒီဒရမ်မာကို ပိုကြိုက်နှစ်သက်ရတာလဲဆိုတာကိုတောင် မသိတော့ပါဘူး" လို့ ဆိုပါတယ်။

Robot 2

 

I`m Not a Robot ဇာတ်လမ်းတွဲဟာ ဇန်နဝါ ၂၅ ရက်မှာ အဆုံးသတ်ခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူး-ကြာသပတေးနေ့ တွေမှာပြသတဲ့ အဲဒီဒရမ်မာကတော့ အစပိုင်းမှာ လူကြည့်နှုန်းမြင့်မားခဲ့ပါတယ်၊ ဒါပေမယ့် ကံမကောင်းချင်တော့ ကြည့်ရှုသူအများစုရဲ့ အကြိုက်တွေ့ခြင်းကို မခံခဲ့ရပါဘူး၊ နောက်ဆုံးအပိုင်းဟာဆိုရင် ကြည့်ရှုသူ ပျှမ်းမျှ ၃ ဒသမ ၄ ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။

KL

Banner Top