မင်းသား Lee Jae Hoon ကလဲ့စားချေ ဒရာမာဖြစ်တဲ့"Model Taxi" အတူပြန်လာမည်
မင်းသား Lee Jae Hoon ဟာ “ Model Taxi” ဆိုတဲ့ဒရာမာနဲ့အတူ ပြန်လာမှာ ဖြစ်ပါတယ်။
- Published in News
မင်းသား Lee Jae Hoon ဟာ “ Model Taxi” ဆိုတဲ့ဒရာမာနဲ့အတူ ပြန်လာမှာ ဖြစ်ပါတယ်။
A.C.E အဖွဲ့ဟာ ‘Ceci’ မဂ္ဂဇင်းရဲ့ ပရောဂျက်အသစ်တခုဖြစ်တဲ့ 'Pose For Fame' အတွက် ပထမဆုံး တက်သစ်စလူငယ်တွေ အဖြစ်ရွေးချယ်ခံလိုက်ရပါတယ်။ "Pose for Fame" ပရောဂျက်ကို ဒီနှစ် မတ်လနှောင်းပိုင်းမှာ ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။
Highlight အဖွဲ့ဝင် လီဂီဂွမ်နဲ့ T-ara အဖွဲ့ဝင် အွန်းဂျောင်းတို့ဟာ KBS2 ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် ဒရမ်မာ အငစ်မှာ ပါဝင်လာနိုင်ချေရှိနေပါတယ်။ မင်းသမီး ဆောင်းဂျီဟိုနဲ့ မင်းသား ပတ်ရှီဟူတို့ ခေါင်းဆောင်ပါဝင်မယ့် “Lovely Horribly” လို့အမည်ရတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရပါတယ်။
YG Papa ဖြစ်တဲ့ Yang Hyun Suk က BLACKPINK အဖွဲ့ရဲ့ ပထမဆုံးမီနီအယ်လ်ဘမ် ဖြန့်ချိမယ့်ရက်ကို ကြေညာလိုက်ပါတယ်။
JYJ အဖွဲ့ဝင် ဂျယ်ဂျွန်းဟာ “Sign” လို့အမည်ရတဲ့ သီချင်း PV ကို ဖြန့်ချိလိုက်ပါတယ်။ အဲဒါဟာ မကြာမီထွက်ရှိလာမယ့် ဂျပန် တကိုယ်တော် Single သီချင်း နှှစ်ပုဒ်ထဲက တစ်ပုဒ်ဖြစ်ပါတယ်။
Key ဟာ ကွယ်လွန်သူ SHINee အဖွဲ့ဝင် Jonghyun ကို ဘယ်လောက်တောင် သတိရနေတဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
U-KISS နဲ့ UNB အဖွဲ့ဝင် Jun ဟာ MBC ရုပ်သံလိုင်းရဲ့ သီတင်းပတ်ကုန်ပိုင်းမှာပြသတဲ့ ဒရမ်မာဖြစ်တဲ့ “Goodbye To Goodbye” အတွက် သတင်းစာရှင်းလင်းပွဲတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ နာမည်တူ Webtoon ဝတ္ထုကို အခြေခံထားတဲ့ အဲဒီဇာတ်လမ်းတွဲဟာအသက် ၅ဝ ကျော်အရွယ် အိမ်ထောင်ရှင်အမျိုးသမီး တစ်ဦးနဲ့ အသက်၂ဝကျော်အရွယ် မိန်းမပျိုလေးတစ်ဦးတို့ အတူနေထိုင်တဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။
Momoland အဖွဲ့ဟာ သူတို့ရဲ့ Comeback အတွက် ရက်ကိုအတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီမိန်းကလေး အဖွဲ့ဟာ လာမယ့် ဇွန်လမှာ Comeback အတွက် ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အခုတော့ အဲဒီသတင်းတွေကို အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ Momoland အဖွဲ့ဟာ သူတို့ရဲ့ Comeback အတွက် ရက်ကိုအတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
Monsta X အဖွဲကဟာ အခုသီတင်းပတ်မှာ ဆိုးလ်မြို့ကနေ အစပြုပြီး ကမ္ဘာလှည့်ဖျော်ဖြေပွဲတခုကို ပြုလုပ်တော့မှာ ဖြစ်တယ်လို့ အေဂျင်စီက မေ ၂၄ ရက်မှာပဲ ပြောကြားလိုက်ပါတယ်။ Starship အင်တာတိန်းမန့်က အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့ အဖွဲ့ဟာ လန်ဒန်၊ အမ်စတာဒမ်၊ မက်ဒရစ်၊ ဘန်ကောက်၊ ဟောင်ကောင် နဲ့ နယူးယောက်မြို့တို့ အပါအဝင် ကမ္ဘာတဝန်းက မြို့ပေါင်း ၁၈ ခုမှာ “The Connect” လို့အမည်ရတဲ့ နယ်လှည့်ဖျော်ဖြေပွဲကို ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကမ္ဘာ လှည့်ဖျော်ဖြေပွဲမှာ သြဂုတ်လမှာ အဆုံးသတ်မယ်လို့ဆိုပါတယ်။
'Hidden Singer 5' အစီအစဉ်ဟာ ပထမဆုံးထုတ်လွှင့်မယ့် ရက်ကို အတည်ပြုထားပြီး ဖြစ်ပါတယ်။