Banner Top

Member Area

စီနီယာသရုပ်ဆောင်တွေနဲ့အတူ သရုပ်ဆောင်ရင်း ရရှိခဲ့တဲ့ ဖိအားတွေအကြောင်း ပြောကြားခဲ့တဲ့ U Kiss နဲ့ UNB အဖွဲ့ဝင် Jun

U-KISS နဲ့ UNB အဖွဲ့ဝင် Jun ဟာ MBC ရုပ်သံလိုင်းရဲ့ သီတင်းပတ်ကုန်ပိုင်းမှာပြသတဲ့ ဒရမ်မာဖြစ်တဲ့ “Goodbye To Goodbye” အတွက် သတင်းစာရှင်းလင်းပွဲတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ နာမည်တူ Webtoon ဝတ္ထုကို အခြေခံထားတဲ့ အဲဒီဇာတ်လမ်းတွဲဟာအသက် ၅ဝ ကျော်အရွယ် အိမ်ထောင်ရှင်အမျိုးသမီး တစ်ဦးနဲ့ အသက်၂ဝကျော်အရွယ် မိန်းမပျိုလေးတစ်ဦးတို့ အတူနေထိုင်တဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ 

သူတို့နှစ်ဦးဟာ မိန်းကလေးတစ်ဦးရဲ့ဘဝမှာ ဖြတ်သန်းရတဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို အတူပူးပေါင််း ကျော်လွှားကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအဖြစ် ချယ်ရှီရာ၊ လီဆွန်းဂျယ်၊ ဂျိုဘိုအာ၊ ဂျောင်ဝွန်းအင်၊ နဲ့ ဂျောင်ဟယ်ယောင်းတို့ပါဝင်ပါတယ်။ 

Jun XPN

အဲဒီသတင်းစာရှင်းလင်းပွဲမှာ Jun က “ကျွန်တော် တကယ့်စီနီယာကြီးတော်တော်များများနဲ့ ပါဝင်ရတဲ့ နေရာ ဖြစ်တဲ့အတွက် ဝန်ထုပ်ဝန်ပိုးလိုခံစားခဲ့ရပါတယ်၊ အရမ်းကို ထူးခြားပြီး လေးစားဖို့ကောင်းတဲ့ သူတို့တွေနဲ့ အတူ တွဲပြီး သရုပ်ဆောင်ရပါတယ်၊ ဇာတ်ညွှန်းဖတ်တဲ့အချိိန်မှာတောင် ကျွန်တော်ဟာ နာမည်ကျော်ကြားသူ တစ်ယောက်လိုခံစားရပါတယ်၊ သူတို့တွေဟာ ထူးခြားတဲ့ စီနီယာတွေ ဖြစ်တဲ့အတွက် ကျွန်တော် ဖိအားတွေ ခံစားခဲ့ရပါတယ်၊ ဒါပေမယ့် သူတို့က ကျွန်တော့်ကို ကူညီစောင့်ရှောက်ပေးပါတယ်၊ ဒါကြောင့် သူတို့နဲ့ ရို်က်ကွင်းမှာ အတူသရုပ်ဆောင်ရင်း တော်တော်များများကို လေ့လာခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။  

အခုဇာတ်လမ်းကတော့ အရာတော်တော်များများရရှိခဲ့တယ်လို့ ခံစားခဲ့ရပြီး အဆုံးမတိုင်မီ ပိုမိုရရှိနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

soompi

Banner Top