Banner Top

Member Area

Highlight အဖွဲ့ဝင် လီဂီဂွမ်နဲ့ T-ara အဖွဲ့ဝင် အွန်းဂျောင်းတို့ ဆောင်းဂျီဟိုနဲ့အတူ ဒရမ်မာအသစ်တွင် ပါဝင်မည်

Highlight အဖွဲ့ဝင် လီဂီဂွမ်နဲ့ T-ara အဖွဲ့ဝင် အွန်းဂျောင်းတို့ဟာ KBS2 ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် ဒရမ်မာ အငစ်မှာ ပါဝင်လာနိုင်ချေရှိနေပါတယ်။ မင်းသမီး ဆောင်းဂျီဟိုနဲ့ မင်းသား ပတ်ရှီဟူတို့ ခေါင်းဆောင်ပါဝင်မယ့် “Lovely Horribly” လို့အမည်ရတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရပါတယ်။ 

Highlight အဖွဲ့ဝင် လီဂီဂွမ်နဲ့ T-ara အဖွဲ့ဝင် အွန်းဂျောင်းတို့ဟာ KBS2 ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် ဒရမ်မာ အငစ်မှာ ပါဝင်လာနိုင်ချေရှိနေပါတယ်။ မင်းသမီး ဆောင်းဂျီဟိုနဲ့ မင်းသား ပတ်ရှီဟူတို့ ခေါင်းဆောင်ပါဝင်မယ့် “Lovely Horribly” လို့အမည်ရတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ကမ်းလှမ်း ခံထားရပါတယ်။ “Lovely Horribly” ဇာတ်လမ်းတွဲကတော့ သည်းထိတ်ရင်ဖို-ရိုးမန့်စ်ဒရမ်မာတစ်ခုဖြစ်ပြီး တကယ်ဖြစ်လာနိုင်တာတွေကို ဇာတ်ညွှန်းရေးနိုင်တဲ့ ရှေ့ဖြစ် ဟော ဇာတ်ညွှန်းဆရာမတစ်ဦး အကြောင်း ဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။ 

Lee Gikwang Eunjung


Around Us အင်တာတိန့်မန့်ရဲ့ သတင်းရင်းမြစ်တစ်ခုက တက်သစ်စ ထုတ်လုပ်ရေးမှူး ဆွန်းဂျောင်းအဖြစ် ပါဝင်ဖို့ ကမ်းလှမ်းချက်ကို လီဂီဂွမ်က စဉ်းစားနေပြီး နာမည်ကျော်တယောက်ဖြစ်တဲ့ ယွန်းအာဖြစ် သရုပ်ဆောင်ဖို့ အွန်းဂျောင်းကလည်း ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။  “Lovely Horribly” ဇာတ်လမ်းတွဲကိုတော့ “Are You Human, Too?” ဇာတ်လမ်းတွဲအပြီး သြဂုတ်လမှာ ထုတ်လွှင့်ပြသ သွားမှာပဲ ဖြစ်ပါတယ်။

 

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top