Banner Top

Member Area

မင်းသား Lee Jae Hoon ကလဲ့စားချေ ဒရာမာဖြစ်တဲ့"Model Taxi" အတူပြန်လာမည်

မင်းသား Lee Jae Hoon ဟာ “ Model Taxi” ဆိုတဲ့ဒရာမာနဲ့အတူ ပြန်လာမှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့သတင်းအရ လာမယ့် SBS ရုပ်သံလိုင်းရဲ့ဒရာမာ "Model Taxi"(နာမည်ကျော် webtoonကိုအခြေခံထားတဲ့)ဒရာမာမှာ Lee Jae Hoon ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ သူတစ်ပါးကိုလက်စားချေတဲ့အေးဂျင့်တစ်ဦးအဖြစ်လုပ်ဆောင်ပေးတဲ့ တက္ကစီယာဉ်မောင်းတစ်ဦးရဲ့အဖြစ်အပျက်ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Lee Jae Hon

မင်းသား Lee Jae Hoon ဟာ သာမန် တက္ကစီကားမောင်းသူ ကင်ဒိုဂျီအဖြစ်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ကိုရီးယားရေတပ်အကယ်ဒမီကနေဘွဲ့ရရှိပြီးအရာရှိအဖြစ်ခန့်အပ်ခြင်းခံရပြီးနောက်ကင်ဒိုဂျီရဲ့အမေက လူသတ်သမားသတ်ခြင်းခံခဲ့ရပြီးနောက် သူရဲ့ဘဝဟာ ပြောင်းပြန်ဖြစ်သွားခဲ့ရပါတယ်။

'Code Name: Jackal' နဲ့ 'Fabricated City' တွေကို ရေးသားပေးခဲ့သူ Oh Sang Ho က 'Model Taxi' ကို ရေးသားပေးထားပြီး 'Doctor Detective' စီးရီးရဲ့ ပီဒီ Park Joon Woo က ရိုက်ကူးမှာဖြစ်ပါတယ်။

#YuNandarHtun

Banner Top