Banner Top

Member Area

BBMAs ဆုပေးပွဲအတွက် အင်ချွန်းလေဆိပ်ကို BTS ဘာလို့ရွေးခဲ့တာလဲ

  •  J
  • Category: Trend

Big Hit အင်တာတိန်းမန့်ဟာ BTS ရဲ့ နောက်ဆုံးဖျော်ဖြေထားတဲ့ "Dynamite" ဗီဒီယိုရဲ့ ထူးခြားတဲ့ အဓိပ္ပာယ်ကို မျှဝေပေးခဲ့ပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့မှာ BT Sအဖွဲ့က Live Show ဆိုတာထက် ပိုပြီး ကြီးကျယ်တဲ့ ရှိုးတစ်ခုကို 2020 Billboard Music Award အတွက် အင်ချွန်း နိုင်ငံတကာလေဆိပ်မှာပြုလုပ်ခဲ့ပါတယ်။ BTS ဟာ ၄နှစ်ဆက်တိုက် "Top Social Artists" ဆုကို ရရှိခဲ့ပြီး "Top Duo/Group" အတွက်လည်းဆန်ခါတင် ဆုစာရင်းဝင်ခဲ့ပါတယ်။

frewrf3fvr3r3

ဒီနှစ်မှာတော့ BTS ဟာ ကိုရီးယား အမျိုးသားပြဇာတ်ရုံ၊ များပြားလှတဲ့ ပြည်သူပိုင်နေရာတွေ Everland Theme ပန်းခြံ၊နဲ့ Gyeongbokgoung နန်းတော် တို့လို အများပြည်သူပိုင်နေရာတွေမှာ ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ အင်ချွန်းနိုင်ငံတကာလေဆိပ်ကတော့ နောက်ဆုံးနေရာဖြစ်ပြီး ဒါတွေကို ကျပန်းရွေးချယ်ခဲ့တာမဟုတ်ပါဘူး။

werfewrbgt34t23

အောက်တိုဘာလ ၁၅ ရက်နေ့မှာ Big Hit အင်တာတိန်းမန့်က BTS အဖွဲ့ကိုယ်စား တရားဝင် ကြေညာချက်တခုကို ထုတ်ပြန်ခဲ့ပါတယ်။ နေရာတွေက မျှော်လင့်ချက်တွေရဲ့ မီးပြတိုက်အနေနဲ့ ရွေးချယ်ခဲ့တာဖြစ်ပြီး တကမ္ဘာလုံးမှာ နေထိုင်ကြတဲ့ လူသားတွေဟာဝေးကွာမနေကြဘဲ အတူတကွ ရှိနေကြတယ် ဆိုတဲ့ အဓိပွာယ်နဲ့ပါ။

"BTS အဖွဲ့က 2020 Billboard Music Awards မှာကမ္ဘာပေါ်မှာ Covid-19 ဖြစ်ပွားမှုကြောင့် ဆက်သွယ်ခွင့်မရကြတဲ့ ကမ္ဘာအနှံအပြားကလူတွေကို ပြန်လည်ဆက်သွယ်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖျော်ဖြေမှုကို စီစဉ်ထားခဲ့တာပါ"
-Big Hit Entertainment

frerfhty4t3r

ဖျော်ဖြေမှုပြီးဆုံးသွားတဲ့အခါမှာတော့ Billboard ဟာ 2020 MAP OF THE SOUL ကမ္ဘာလှည့် ဖျော်ဖြေမှုအနေနဲ့ BTS သွားရောက်ဖျော်ဖြေဖို့ စီစဉ်ထားခဲ့တဲ့ အဓိကမြို့ကြီးတွေကိုပြသခဲ့ပါတယ်။

J

ဆက်စပ်နေသော ရေးသားချက်များ

Banner Top