Banner Top

Member Area

ချုံးချုံးကျသွားတဲ့ ဂျီမင်ရဲ့ ပုံရိပ်ကြောင့် ARMYs တွေ အံ့အားသင့်သွားခဲ့ရ

ရှိုးပွဲတခုမှာ အချိန်တိုအတွင်း ဘီတီအက်စ်အဖွဲ့ဝင် ဂျီမင်ရဲ့ ချုံးကျသွားတဲ့ ပုံရိပ်က ARMYs တွေကို မှင်သက်သွားစေခဲ့ပါတယ်။ ဇွန် ၂၅ ရက်နေ့က ဆိုးလ်မှာ ကျင်းပတဲ့ ဘီတီအက်စ်အဖွဲ့ဝင် ဆူဂါရဲ့ ဖျော်ဖြေပွဲ ပုံရိပ်တွေမှာ ၄ လတာအတွင်း ထူးထူးခြားခြားပြောင်းလဲသွားတဲ့ ဂျီမီရဲ့ ခန္ဒာကိုယ်က အွန်လိုင်းသပရိတ်သတ်တွေကြားမှာ ပြောစရာတခုဖြစ်လာပါတယ်။

ဂျီမင်ဟာ အနုပညာဖျော်ဖြေမှုတွေ စလုပ်ချိန်ကတည်းက သူရဲ့ ကြွက်သား ဖုထစ်မို့မောက် အချိုးညီညီနဲ့ ဖွဲ့စည်းထားတဲ့ တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဒာကိုယ်ပုံစံဟာ သူ့ရဲ့ ကကွက်တွေနဲ့ လိုက်ဖက်ညီလို့ အမြဲတမ်း ဂုဏ်ယူစွာ ပြောတတ်သူပါ။

 Jimmin 3Jimmin

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ဆူဂါရဲ့ ဖျော်ဖြေပွဲ ဒုတိယပိုင်း ဂျီမင် ၊ ဗီ နဲ့ ဂျွန်ကော့ခ် တို့ ထွက်ရတဲ့အလှည့်မှာတော့ ဂျီမင်ရဲ့ ကိုယ်အနေအထား အပြောင်းအလဲတခုခုဖြစ်နေတာကို အာမီစ်တွေရော ၊ အွန်လိုင်းပရိတ်သတ်တွေက ချက်ချင်း ရိပ်စားမိခဲ့ကြပါတယ်။ ရှိုးပွဲမှာ ဂျီမင်ဟာ ဝတ်ပုံစားပုံပိုင်းမှာ ကြည့်ကောင်းနေပေမယ့်လို့ သူ့ ခန္ဒာကိုယ်ထက် အဝတ် ဆိုဒ် နည်းနည်းကြီးနေတာကြောင့် ARMYs တွေရဲ့ အာရုံစိုက်မှုကိုခံခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top