၂၀၂၁ ခုနှစ်အတွင်းအမေရိကန်နိုင်ငံမှာ TXT, NCT 127 နဲ့ BTS တို့ရဲ့ အယ်လ်ဘမ် အများဆုံးရောင်းချခဲ့ရ
- Y Nay
- Category: Music
ပြီးခဲ့တဲ့ နှစ်တုန်းက အမေရိကန်နိုင်ငံမှာ TXT, NCT 127 နဲ့ BTS အဖွဲ့တွေရဲ့ သိန်းနဲ့ချီတဲ့ အယ်လ်ဘမ်တွေရောင်းချခဲ့ရတယ်လို့ဆိုပါတယ်။
MRC Data ရဲ့ အဆိုအရ TXT, NCT 127 နဲ့ BTS အဖွဲ့တို့ဟာ အမေရိကန်ဈေးကွက်မှာ စီဒီအယ်လ်ဘမ်ချပ်ရေတွေအများကြီးရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ TXT နဲ့ NCT 127 အဖွဲ့တို့ဟာ အမေရိကန်နိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွွင်း ရောင်းအားအကောင်းဆုံးထိပ်တန်း စီဒီအယ်လ်ဘမ် ၁၀ ခုစာရင်းမှာ အယ်လ်ဘမ်တစ်ချပ်စီ ပါဝင်ခဲ့ပြီး BTS အဖွဲ့ကတော့ ၂ ခုပါဝင်ခဲ့ပါတယ်။
TXT အဖွဲ့ဟာ 'The Chaos Chapter: FREEZE' အယ်လ်ဘမ်ကို ကော်ပီချပ်ရေ ၂ သိန်း ၁ သောင်းကျော်၊ NCT 127 အဖွဲ့ဟာ'Sticker' အယ်လ်ဘမ်ကို ၂ သန်း ၁ သောင်းကျော် ရောင်းချခဲ့ရပါတယ်။ BTS အဖွဲ့ကတော့ 'Map of the Soul: 7' ကို ကော်ပီချပ်ရေ ၂ သိန်း ၁ သောင်းနဲ့ 'BE' အယ်လ်ဘမ်ကို ၁ သိန်း ၈ သောင်းကျော်ရောင်းချခဲ့ရပါတယ်။ အခုလောလောဆယ်မှာတော့ CD Single သီချင်းခွေ 'Butter' ကိုတော့ စာရင်းမကောက်ယူသေးပါဘူး။
ဆက်စပ်နေသော ရေးသားချက်များ
-
K-pop စတားဖြစ်ချင်ခဲ့တဲ့ Jimin ရဲ့ဆန္ဒကို ဖခင်ဖြစ်သူက ဘာကြောင့်ခွင့်ပြုခဲ့တာလဲ
BTS အဖွဲ့ဝင်ဖြစ်တဲ့ Jimin ရဲ့ ဖခင်ဖြစ်သူဟာ K-pop စတားဖစ်ချင်တဲ့ Jimin ရဲ့ ဆန္ဒကို ဘာကြောင့်ထောက်ခံခဲ့တာလဲဆိုတဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ -
အီထယ်ဝန် မှာ အိမ်အသစ်ဝယ်ယူခဲ့တဲ့ BTS အဖွဲ့ဝင် Jungkook
BTS အဖွဲ့ဝင် Jungkookဟာ အိမ်အသစ်တစ်လုံးဝယ်ယူလိုက်ပါပြီ။
-
ဒီဇင်ဘာလအတွက် နာမည်အကျော်ကြားဆုံး အမျိုးသားအဖွဲ့နေရာမှာ BTS ရပ်တည်နေ
ဒီဇင်ဘာလအတွက် နာမည်ကျော်ကြားမှုညွှန်းကိန်းအမြင့်ဆုံး အမျိုးသားအဆိုတော်အဖွဲ့ ၃၀ ရဲ့စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။
-
ငွေရှာဖို့ BTS အဖွဲ့ကိုအသုံးပြုတာရပ်ပေးရေး Big Hit ကို ပရိသတ်တွေ ဆန္ဒပြတောင်းဆို
ARMY တွေဟာ Big Hit အင်တာတိန်းမန့်အပေါ် သူတို့ရဲ့ ဝေဖန်မှုကို ပြသဖို့ ဆန္ဒပြထရပ်ကားတွေ ပေးပို့ခဲ့ပါတယ်။
-
တိုင်းမ်မဂ္ဂဇင်းရဲ့ 'Entertainer of the Year' အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ BTS အဖွဲ့
တိုင်းမ်မဂ္ဂဇင်းဟာ BTS အဖွဲ့ကို သူတို့ရဲ့ 'Entertainer of the Year' အဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
-
'50 Best Songs of 2020' စာရင်းထဲမှာ ပါဝင်လာတဲ့ BTS နဲ့ BLACKPINK အဖွဲ့
BTS နဲ့ BLACKPINK အဖွဲ့ တို့ဟာ Rolling Stone မဂ္ဂဇင်းရဲ့ '50 Best Songs of 2020' ၂၀၂၀ အတွက် အကောင်းဆုံး သီချင်း အပုဒ် ၅၀ စာရင်းမှာ ထိပ်ဆုံးအမြင့်ပိုင်းနေရာမှာရှိနေပါတယ်။