Banner Top

Member Area

ဒီဇင်ဘာလအတွက် နာမည်အကျော်ကြားဆုံး အမျိုးသားအဖွဲ့နေရာမှာ BTS ရပ်တည်နေ

  •  WN
  • Category: News

ဒီဇင်ဘာလအတွက် နာမည်ကျော်ကြားမှုညွှန်းကိန်းအမြင့်ဆုံး အမျိုးသားအဆိုတော်အဖွဲ့ ၃၀ ရဲ့စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီစာရင်းကို Korea Institute of Corporate Reputation က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလအတွက် အမျိုးသားအဖွဲ့တွေရဲ့ နာမည်ကျော်ကြားမှုဆိုင်ရာ အဆင့်သတ်မှတ်ချက်ကို အသေးစိတ်ဖော်ပြပေးထားပါတယ်။ အဲ့ဒီအချက်အလက်တွေအရ BTS အဖွဲ့ဟာ ထိပ်ဆုံးမှာရှိနေပြီး အဲ့ဒီနောက်မှာ NCT နဲ့ SEVENTEEN အဖွဲ့တို့ရှိနေပါတယ်။ အဲ့ဒီအချက်အလက်တွေကို အောက်တိုဘာလ ၆ ရက်နေ့ကနေ နိုဝင်ဘာလ ၆ ရက်နေ့အထိ စာရင်းကောက်ယူထားတာဖြစ်ပါတယ်။ BTS အဖွဲ့က ရမှတ် 23,659,001 ရရှိပါတယ်။ NCT အဖွဲ့နဲ့ SEVENTEEN အဖွဲ့တို့က ရမှတ် 5,341,172 နဲ့ 3,602,368 အသီးသီးရရှိတာကိုတွေ့ရပါတယ်။

1607906897964 0

စာရင်းထဲမှာ ပါဝင်တဲ့ တခြားအမျိုးသားအဖွဲ့တွေကတော့အစဉ်လိုက်ပြောရမယ်ဆိုရင် EXO, BTOB, SHINee, MONSTA X, The Boyz, ASTRO, TXT, GOT7, Super Junior, Stray Kids, NU'EST, ATEEZ, PENTAGON, CRAVITY, BIGBANG, B1A4, AB6IX, ONF, VICTON, SF9, Teen Top, HIGHLIGHT, Shinhwa, VIXX, WINNER, 2PM နဲ့ ONEUS တို့က အသီးသီးရပ်တည်နေပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top