Logo
Print this page

တရုတ်နဲ့ အငြင်းပွားနေတဲ့ ကိစ္စအတွက် စစ်တပ်လူ့စွမ်းအားစီမံခန့်ခွဲရေးအဖွဲ့ ကော်မရှင်နာမင်းကြီးက BTS အဖွဲ့ဘက်မှ ကာကွယ်ပြောဆို

BTS အဖွဲ့ဟာ မကြာသေးခင်တုန်းက အမေရိကန်နိုင်ငံနဲ့ တောင်ကိုရီးယားတိုဲရဲ့ မဟာမိတ်ပြုခဲ့မှုအကြောင်း ဖော်ပြပြောဆိုခဲ့တဲ့ မိန့်ခွန်းအတွက် အငြင်းပွားဖွယ်ရာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး တရုတ်ဟာ ဆန့်ကျင်ဘက်မှာ ရပ်တည်တာဖြစ်တဲ့အတွက် ဒါဟာ အကဲဆတ်တဲ့ကိစ္စတစ်ခုအဖြစ် တရုတ် အင်တာနက်အသုံးပြုသူတွေဘက်ကနေ ပြင်းပြင်းထန်ထန်တုံ့ပြန်တာကို ခံခဲ့ရပါတယ်။

unnamed 1
အဲ့ဒီအငြင်းပွားဖွယ် ကိစ္စနဲ့ပတ်သက်လို့ စစ်တပ်လူ့စွမ်းအား စီမံခန့်ခွဲရေးဌန ကော်မရှင်နာမင်းကြီး မိုဂျုံဟွာက အဲ့ဒီကိစ္စနဲ့ စပ်လျဉ်းပြီး BTS အဖွဲ့ဘက်ကနေ ကာကွယ်ပြောဆိုခဲ့ပါတယ်။
ကော်မရှင်နာမင်းကြီးက "BTS အဖွဲ့ပြောဆိုခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ မဟာမိတ်အကြောင်းအရာဟာ ခွန်အားပေးတဲ့ ကိစ္စသာဖြစ်ပါတယ်။ တရုတ်အင်တာနက်အသုံးပြုသူတွေအနေနဲ့ အဲ့ဒီကိစ္စအကြောင်း ပြောဆိုရာမှာ ရှက်သင့်ပါတယ်။ BTS အဖွဲ့က မြောက်ကိုရီးယားရဲ့ မဟာမိတ်တွေလည်း ခံစားခဲ့ရပါတယ်ဆိုတာကို အသိအမှတ်ပြုပေးသင့်တယ်ဆိုတဲ့ ပြောဆိုချက်ကိုတော့ ၁၀၀ ရာခိုင်နှုန်းမှားတယ်လို့ ကျနော် ထင်ပါတယ်။" လို့ ပြောဆိုခဲ့ပါတယ်။

rfgwefeqf

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက BTS အဖွဲ့ဟာ Van Fleet Award ဆုကို လက်ခံရယူခဲ့တာဖြစ်ပြီး ဆုလက်ခံရယူချိန်မှာ အဖွဲ့ခေါင်းဆောင်RM က ကိုရီးယားစစ်ပွဲနှစ် (၇၀) ပြည့်နှစ်ပတ်လည်အကြောင်းနဲ့ စွန့်လွှတ်အနစ်နာခံခဲ့ရမှုတွေကို အောင့်မေ့သတိရဖို့ အရေးကြီးတဲ့အကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်အင်တာနက်အသုံးပြုသူတွေဟာ ဒေါသထွက်ကြောင်း ပြသခဲ့ကြပြီး မြောက်ကိုရီးယားကို ထောက်ခံဖို့ တရုတ်တို့ လုပ်ခဲ့ရတဲ့ စွန့်လွှတ်မှုတွေဟာ အသိအမှတ်ပြုမခံရကြောင်း ပြောဆိုခဲ့ကြပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!