Logo
Print this page

K-pop စတားဖြစ်ချင်ခဲ့တဲ့ Jimin ရဲ့ဆန္ဒကို ဖခင်ဖြစ်သူက ဘာကြောင့်ခွင့်ပြုခဲ့တာလဲ


BTS အဖွဲ့ဝင်ဖြစ်တဲ့ Jimin ရဲ့ ဖခင်ဖြစ်သူဟာ K-pop စတားဖစ်ချင်တဲ့ Jimin ရဲ့ ဆန္ဒကို ဘာကြောင့်ထောက်ခံခဲ့တာလဲဆိုတဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မကြာသေးခင်ကပဲ Jimin ရဲ့ အဖေဖြစ်သူဟာ ဘူဆန်အနုပညာအထက်တန်းကျောင်း မဂ္ဂဇင်းရဲ့ အင်တာဗျူးမှာ ပါဝင်ခဲ့ပါတယ်။ ဘူဆန်အနုပညာအထက်တန်းကျောင်းဟာဆိုရင် Jimin က K-pop training ဆင်းဖို့ ဆိုးလ်ကိုမလာခင် တက်ရောက်ခဲ့တဲ့ကျောင်းဖြစ်ပါတယ်။

အင်တာဗျူးမှာတော့ ငယ်စဉ်ကတည်းက Jimin မှာရှိတဲ့ အရည်အချင်းတွေအကြောင်း မေးမြန်းခဲ့ပါတယ်။

201507905 1280

Jimin ရဲ့ အဖေက "အရင်ဆုံးအနေနဲ့ သူ ဘူဆန်အနုပညာအထက်တန်းကြောင်းကို တက်ချင်တယ်လို့ပြောတဲ့အခါ ကျွန်တော်တို့ဘာကြောင့်ခွင့်ပြုပေးခဲ့တာလဲဆိုတာကို အရင်ပြောပြချင်ပါတယ်။ အလယ်တန်းကျောင်း နောက်ဆုံးနှစ်ရောက်တဲ့အချိန်မှာ သူက သူ့အနာဂတ်နဲ့ပတ်သက်လို့ ရေးထားတဲ့အက်ဆေးကို ကျွန်တော်တို့ကို ပြတယ်။ ဒီအက်ဆေးထဲမှာ သူက အထက်တန်းကျောင်းမှာ ခေတ်ပေါ်အက သင်ချင်တယ်။ ပြီးရင် သူအရမ်းစိတ်ဝင်စားတဲ့ K-pop နဲ့ ပေါင်းစပ်ပြီး ကချင်တယ်လို့ ရေးထားတယ်။ တစ်နေ့မှာ သူ K-pop စတားတစ်ယောက်ဖြစ်ချင်တယ်လို့လည်း ရေးထားတယ်။ သူကငယ်ငယ်တည်းက အဆိုရော ၊ အကရော တော်တယ်။ ကျွန်တော်မှတ်မိသေးတယ်။ သူမူလတန်းကျောင်း ငါးတန်းတက်တုန်းကဆိုရင် Maya ရဲ့ 'Azalea'သီချင်းကို အပြစ်ပြောစရာမရှိအောင် ဆိုနိုင်ခဲ့တယ်။" လို့ဆိုပါတယ်။ ဒါပေမယ့် Jimin ရဲ့ အဖေက သူ့ကို စာ‌ပဲလေ့လာစေချင်ခဲ့တာပါ။

201507906 1280

ဖခင်ဖြစ်သူက "သူကသိပ္ပံနဲ့ သင်္ချာမှာတော်တော် တော်ပါတယ်။ အဲ့ဒါကြောင့် သူ့ကို သိပ္ပံအထက်တန်းကျောင်း တက်စေချင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်သူရေးထားတဲ့ အက်ဆေးကို ဖတ်ပြီးတဲ့နောက်မှာ သူ့ရဲ့အိမ်မက်ကို မကန့်ကွက်ချင်တော့ဘူး။ အဲ့ဒီအက်ဆေးထဲမှာဆိုရင် သူလိုချင်တဲ့ ဘဝကို သူအသေးစိတ်ရေးထားတယ်။ Jimin က အမြဲတမ်းယဉ်ကျေးပြီးတော့ ရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူ့ရဲ့ ရွေးချယ်မှုကို လေးစားဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ " လို့ဖြေကြားခဲ့ပါတယ်။ 

Jimin ဟာ ၂၀၁၃ခုနှစ်၊ ဇွန်လမှာ BTS အဖွဲ့ဝင်အဖြစ် ပွဲဉီးထွက်ခဲ့ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!