Banner Top

Member Area

Lisa နဲ့ Rose တို့ရဲ့ချစ်စရာသူငယ်ချင်းသံယောဇဉ်လေး

BLINK တို့ရေ Lisaနဲ့ Rose ခဏခဏ ကလေးတွေလို စကားများကြတယ်ဆိုတာသိကြတယ်မလား။

"Light up the Sky" ကို ရိုက်တုန်းက Lisa ဟာ တန်ဖိုးရှိတဲ့အချိန်တွေကိုအသုံးချဖို့Rose နဲ့အတူ ကော်ဖီဆိုင်ကိုသွားခဲ့ကြပါတယ်တဲ့။

သူတို့က သောက်ချင်တာကိုမှာသောက်ကြပြီးတော့သူတို့စတွေ့တဲ့အကြောင်းကိုပြန်ပြောကြပါတယ်တဲ့။

Lisa စပြောတာကတော့

"နင်မလာခင်မှာ ငါကအငယ်ဆုံးလေ။ နင်လာတော့ "ကျွန်မအခုဒီမှာအငယ်ဆုံးဖြစ်သွားပြီ" လို့ပြောသလိုခံစားရတယ်"

 

လို့ပြောခဲ့ပါတယ်။

နောက်တော့သူတို့အကောင်းဆုံးသူငယ်ချင်းတွေဖြစ်သွားကြပါတယ်လို့လဲပြောခဲ့ပါသေးတယ်။

Roseပြန်ရှင်းပြထားတာကတော့


"ကျွန်မတို့ရင်းနှီးသွားကြတော့ ကျွန်မတို့နေ့တိုင်းစကားများကြတော့တာပဲ"လို့ပြောခဲ့ပါတယ်။
"ကျွန်မတို့...."လို့ Roseကဆက်ပြောတော့ Lisaက Roseရေတော်ပါတော့လို့ပြောခဲ့ပါတယ်။

ဆက်ပြီးတော့ သူတို့နှစ်ယောက်ဟာ Lisa က "စိတ်ရှုပ်စရာကောင်းတယ်" (jjajeungna) ဆိုတဲ့စကားလုံးကို "ပဲခေါက်ဆွဲ" (jjajeungmyeon)နဲ့မှားပြောတဲ့အကြောင်းလဲပြောခဲ့ပါသေးတယ်။

#BB

ဆက်စပ်နေသော ရေးသားချက်များ

Banner Top