Banner Top

Member Area

BTS Universe ထဲက "Youth" ဒရာမာအကြောင်း တစေ့တစောင်း

"Youth" ဒရာမဆိုတာ BTS Universe အကြောင်း ဖြစ်တဲ့အတွက် BTS ပရိသတ်တွေဖြစ်တဲ့ ARMY တွေကို ဆွဲဆောင်မယ့် ဒရာမာတစ်ခုဖြစ်ပါတယ်။

Seo JiHoon, Noh JongHyun, Ahn JiHo, Seo YoungJoo, Kim YoonWoo, Jung WooJin နဲ့ Jeon JinSeo တို့က ခေါင်းဆောင်မင်းသားတွေ အဖြစ် ပါဝင်ထားကြပါတယ်။

youth drama actors

ဆောဂျီဟွန်းဟာ "Tale of Fairy", "Flower Crew: Joseon Marriage Agency", "Meow, The Secret Boy" နဲ့ "Men are Men" စတာတွေ အပါအဝင် ဒရာမာ တော်တော်များများမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားတဲ့သူဖြစ်ပါတယ်။

Noh Jong Hyun (နိုဂျုံဟွန်း) ကတော့ "Romance Is a Bonus Book", "He Is Psychometric", "Kkondae Intern" ဒရာမာတွေမှာ ပါဝင်ထားပြီး မကြာမီ ပြသတော့မယ့် "Live On" ဒရာမာမှာလည်း သရုပ်ဆောင်ထားပါတယ်။ Ahn JiHo (အန်းဂျီဟို) ကတော့ "Nobody Knows" ဒရာမာနဲ့ ရုပ်ရှင်တော်တော်များများမှာ ပါဝင်ထားပါတယ်။ Seo YoungJoo (ဆောယောင်ဂျူ) ကတော့ "Beautiful World", "Nobody Knows" ဒရာမာနဲ့ ရုပ်ရှင်တော်တော်များများမှာ သရုပ်ဆောင်ထားသူဖြစ်ပါတယ်။

ပြီးတော့ တက်သစ်စ သရုပ်ဆောင်တွေဖြစ်တဲ့ Kim YoonWoo (ကင်ယွန်ဝူး)၊ Jung WooJin ဂျောင်ဝူဂျင် ("Sometoon 2020") တို့လည်း ပါဝင်ကြဦးမှာပါ။ နောက်ဆုံး ပါဝင်မယ့်သူကတော့ "Mr. Sunshine", "Graceful Family", "The World of the Married" ဒရာမာတွေမှာ ပရိသတ်တွေ တော်တော်များများ သဘောတွေ့ခဲ့ကြတဲ့ တက်သစ်စမင်းသား Jeon JinSeo (ဂျောင်ဂျင်ဆော) လည်း ပါဝင်ပါတယ်။ အန်းဂျီဟို နဲ့ ဆောယောင်ဂျူတို့ကတော့ သူတို့ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဆုချီးမြှင့်ခံထားရသူတွေဖြစ်ပါတယ်။


"Youth" ဒရာမာကို လာမယ့် ၂၀၂၁ ခုနှစ်မှာ ထုတ်လွှင့်ပြသဖို့ စီစဏ်ထားပါတယ်။ "Your Neighbor's Wife", "Steal Heart" တို့ရဲ့ ဒါရိုက်တာ ကင်ဂျယ်ဟုန်က နဲ့ "The Light In Your Eyes", "Weighlifting Fairy Kim BokJoo", "Awl") တို့ကိုရေးသားသူ စာရေးဆရာ ကင်ဆူဂျင်းတို့က တာဝန်ယူကြမှာဖြစ်ပါတယ်။


အခုဒရာမာကတော့ BTS အဖွဲ့ဝင်တွေရဲ့ဘဝအကြောင်း မတူညီတဲ့ ဇာတ်လမ်းတွေနဲ့ BTS Universe အကြောင်းဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်းအရာ အသေးစိတ်

ခေါင်းစဉ် - Youth / Yuseu / 유스

ဒါရိုက်တာ : ကင်ဂျယ်ဟုန်

စာရေးသူ - ကင်ဆူဂျင်း

ပြသမည့်လိုင်း - မသိရသေး

ပြသမည့်ရက် - ၂၀၂၁ ခုနှစ်

ပြသမည့်အပိုင်း - မသိရသေး။

အတိမ်းအစောင်းမခံတဲ့အခြေအနေမှာရှိနေပြီး အတွေ့အကြုံမရင့်ကျက်ကြသေးတဲ့ လူငယ် ၇ ဦးအကြောင်း ဇာတ်လမ်းဖြစ်ပါတယ်။ သူတို့ရဲ့ ကျောင်းသားဘဝနေ့ရက်တွေမှာ ဘယ်လိုကြီးပြင်းကြမယ်ဆိုတာကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

ပါဝင်မယ့်သရုပ်ဆောင်များ
ကင်ဆော့ဂျင် (Jin ရဲ့ နာမည်အရင်း) အဖြစ် ဆောဂျီဟွန်း

 iworldmedia seojihoon

ကင်ဆော့ဂျင်ကတော့ ဖခင်ရဲ့လောင်းရိပ်အောက်မှာ ပိတ်မိနေသူ ဖြစ်ပါတယ်။ သူဟာ အပြင်ပန်းမှာ ပြီးပြည့်စုံသူဖြစ်ပေမယ့် သူ့ရဲ့ စိတ်ခံစားချက်တွေကို ဖော်ပြတဲ့နေရာမှာ ပြဿနာရှိသူဖြစ်ပါတယ်။

သူ့ရဲ့ဖခင်ဟာ အမျိုးသားလွှတ်တော်မှာ အလုပ်လုပ်ပြီး ကင်ဆော့ဂျင်ကတော့ ဖခင်ရဲ့ စီမံရာအတိုင်း သားကောင်းတစ်ဦးအနေနဲ့ ရှင်သန်နေထိုင်ရပါတယ်။ ဒါပေမယ့် သူဟာသူနေချင်တဲ့အတိုင်း နေထိုင်နေရသူတော့ မဟုတ်ပါဘူး။ ကျောင်းတွေအလီလီပြောင်းလို့ သူငယ်ချင်းအသစ်တွေကို အမြဲတွေ့နေရပေမယ့် သူ့ရဲ့ စိတ်ထဲက နာကျင်ရတဲ့ ဒဏ်ရာဒဏ်ချက် ခံစားချက်တွေကို ရင်ဆိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။

မင်ယွန်းဂီ (Suga ရဲ့နာမည်အရင်း) အဖြစ် နိုဂျောင်ယောင်း

vibe noh jonghyun3 1


မင်ယွန်းဂီကတော့ အတွင်းစိတ်က နွေးထွေးပေမယ့် အပြင်ဘက်မှာ အေးစက်စက်နိုင်တဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်။

သူဟာ သူ့ရဲ့ အမေကို သတ်လိုက်ပြီး အိမ်ကိုမီးရှို့လိုက်တယ်ဆိုတဲ့ ကောလာဟလနဲ့ အမြဲရင်ဆိုင်နေရပါတယ်။ သူ့အတွက်တော့ သူ့မိခင်ဟာ သူ့ကမ္ဘာကြီးဖြစ်ပြီး စန္ဒယားအဟောင်းတစ်ခုကတော့ သူ့ရဲ့တစ်ခုတည်းသော နားခိုရာနေရာဖြစ်လာခဲ့ပါတယ်။ ဝေဖန်ပြစ်တင်မှုတွေရှိနေပေမယ့် အနားမှာရှိနေတဲ့ JungKook ကြောင့် သူ့ရဲ့ငယ်ဘဝမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေဟာ သက်သာလာခဲ့ပါတယ်။

ဂျောင်ဟိုဆော့ (J-Hope ရဲ့ နာမည်အရင်း) အဖြစ်အန်းဂျီဟို

ahn jiho osen
နမ်ဂျွန်းကတော့ သာမန်ဘဝရဖို့ အမြဲအိပ်မက်မက်နေသူဖြစ်ပါတယ်။ သူဟာ ခမ်းခမ်းကြမ်းတမ်းတဲ့ဘဝကြီးထဲမှာ တခြားသူတွေထက် အရွယ်အရင်ပိုရောက်ခဲ့သူ လည်းဖြစ်ပါတယ်။ သူဟာ အချိန်ပိုင်းအလုပ်ကို အမြဲလုပ်ရပေမယ့် ကျောင်းမှာ အဆင့် ၁ အမြဲရတဲ့ တာဝန်ယူတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။

ကင်နမ်ဂျွန်း ( RM ရဲ့ နာမည်အရင်း) အဖြစ် ဆောယောင်ဂျူ

seo youngjoo newsculture1

 

နမ်ဂျွန်းကတော့ သာမန်ဘဝရဖို့ အမြဲအိပ်မက်မက်နေသူဖြစ်ပါတယ်။ သူဟာ ခမ်းခမ်းကြမ်းတမ်းတဲ့ဘဝကြီးထဲမှာ တခြားသူတွေထက် အရွယ်အရင်ပိုရောက်ခဲ့သူ လည်းဖြစ်ပါတယ်။ သူဟာ အချိန်ပိုင်းအလုပ်ကို အမြဲလုပ်ရပေမယ့် ကျောင်းမှာ အဆင့် ၁ အမြဲရတဲ့ တာဝန်ယူတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။

ပတ်ဂျီမင်း (JiMin ရဲ့ နာမည်အရင်း) - ကင်ယွန်းဝူ

Kim younwoo official 2

ဂျီမင်းကတော့ အမြဲတမ်းတောက်တောက်ပပ ပြုံးလေ့ရှိပေမယ့် ဘယ်သူ့ကိုမှ ပြောမပြနိုင်တဲ့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားသူလည်း ဖြစ်ပါတယ်။ သူ့ကို ကာကွယ်ပေးလွန်းတဲ့ မိသားစုကြောင့် သူ့ကိုယ်သူဘယ်သူလဲ ဆိုတာတောင် မသိတော့ဘဲ ကလေးဘဝတုန်းကလည်း မုသားတွေ ပြည့်နှက်နေတဲ့ ဒဏ်ရာဒဏ်ချက်တွေကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

ကင်ထယ်ယောင်း (V ရဲ့နာမည်အရင်း) အဖြစ် ဂျောင်ဝူဂျင်

jung woojin official big picture scaled
ထယ်ယောင်းကတော့ အရက်သမားဖခင်နဲ့အတူ နေထိုင်ရတဲ့ ဒဏ်ရာတွေအပြည့်ဖြစ်နေတဲ့ ကြေကွဲလွယ်တဲ့ ကောင်လေးတစ်ယောက်ပါ။ သူ့အမေက အိမ်ကနေ ထွက်သွားခဲ့ပြီးတဲ့နောက် သူ့ရဲ့ဖခင်က ပြောင်းလဲသွားခဲ့တာပါ။ ဖခင်ဖြစ်သူဟာ တစ်နေ့ကျရင် အရင်လို ကြင်နာချိုသာတဲ့ ဖခင်အဖြစ် ပြန်လည်ပြောင်းလဲသွားလိမ့်မယ်လို့ ယုံကြည်ထားသူလည်း ဖြစ်ပါတယ်။

ဂျောင်ဂျောင်ဂု (JungKook ရဲ့နာမည်အရင်း) အဖြစ်ဂျောင်ဂျင်ဆော

jeon jinseo insta
ဂျောင်ဂုကတော့ သူဖြစ်တည်နေရတဲ့အကြောင်းအရင်းကို သိချင်နေသူပဲ ဖြစ်ပါတယ်။ သူဟာ မတည်ငြိမ်တဲ့ မိသားစုတစ်ခုမှာ ကြီးပြင်းလာရသူဖြစ်တာကြောင့် ပျော်ရွှင်မှုကို မခံစားတတ်ဘဲ သေခြင်းနဲ့ရှင်ခြင်းရဲ့ အဓိပ္ပါယ်ကိုလည်း ဂရုမစိုက်တတ်သူဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top