Banner Top

Member Area

BTS ရဲ့ ဒရာမာ 'Youth' အတွက် သရုပ်ဆောင်စာရင်းထွက်ပေါ်လာ

'Youth' အတွက် သရုပ်ဆောင်တွေကို ရွေးချယ်ပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။

'Youth' ဒရာမာကတော့ BTS အဖွဲ့အကြောင်း ရိုက်ကူးမှာဖြစ်ပြီး မင်းသား ဆောဂျီဟွန်း၊ နိုဂျောင်ဟွန်း၊ အန်းဂျီဟိုဈ ဆောယောင်းဂျူ၊ ကင်ယွန်းဝူ၊ ဂျောင်ဝူဂျင်နဲ့ ဂျောင်ဂျင်ဆောတို့က ပါဝင်ကြမှာဖြစ်ပါတယ်။ အဲ့ဒီ ဖော်ပြပါ သရုပ်ဆောင်တွေဟာ Jin, Suga, J-Hope, RM, Jimin, V နဲ့ Jungkook တို့အဖြစ် အစဉ်လိုက်သရုပ်ဆောင်ကြမှာလည်း ဖြစ်ပါတယ်။


Jin ရဲ့ ဇာတ်ကောင်ကတော့ ဖခင်ဖြစ်သူ လွှတ်တော်အမတ်ရဲ့ လောင်းရိပ်အောက် အမြဲရောက်နေတဲ့ သားတစ်ဦးဖြစ်ပါတယ်။ Suga ရဲ့ ဇာတ်ကောင်ကတော့ မိခင်ဖြစ်သူကို သတ်လိုက်မိပြီး အိမ်ကို မီးရှို့လိုက်တယ်လို့ ကောလာဟလတွေနဲ့ ရင်ဆိုင်နေရပြီး အမေ့ရဲ့ စန္ဒယားအဟောင်းနဲ့ ကျေနပ် နှစ်သိမ့်မှုကို ရှာဖွေနေရသူအဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။ သူနဲ့ Jungkook တို့ရဲ့ ဇာတ်ကောင်တွေကတော့ တစ်ဦးနဲ့ တစ်ဦးရဲ့ အတိတ်ဒဏ်ရာတွေကို ဖြေလျော့ပေးကြမှာဖြစ်ပါတယ်။ J-Hope ရဲ့ ဇာတ်ကောင်ကတော့ ငယ်ရွယ်စဉ်ကာလက ကစားကွင်းတစ်ခုထဲမှာ စွန့်ပစ်ခံလိုက်ရသူဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ အရာရာကို အကောင်းမြင်တတ်သူလည်း ဖြစ်ပါတယ်။

RM ရဲ့ဇာတ်ကောင်ကတော့ အရမ်းရင့်ကျက်လွန်းတဲ့ လူငယ်ကျောင်းသား တစ်ဦးဖြစ်ပြီး အချိန်ပိုင်းအလုပ်တွေကို အများကြီးလုပ်နေရတာတောင် ကျောင်းမှာ အဆင့် ၁ အမြဲရသူပါ။ Jimin ရဲ့ဇာတ်ကောင်ကတော့ ငယ်ရွယ်စဉ်မှာ စိတ်ဒဏ်ရာတွေရရှိခဲ့သူဖြစ်ပါတယ်။ V ရဲ့ဇာတ်ကောင်ကတော့ အရက်သမားဖခင်တစ်ဦးရဲ့ သားဖြစ်သူ မိခင်ဖြစ်သူကလည်း အိမ်ပြေးဘဝနဲ့ နေနေရသူပါ။ Jungkook ရဲ့ဇာတ်ကောင်ကတော့ သေခြင်း ရှင်ခြင်းအပေါ် စိတ်မဝင်စားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

'Youth' နဲ့ပတ်သက်တဲ့ နောက်ထပ် သတင်းတွေကို စောင့်မျှော်ပေးကြပါဦး။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top