Banner Top

Member Area

၃ နှစ်အတွင်း ပထမဆုံးဒရမ်မာ ရိုက်ကူးမယ့် မင်းသား Hyun Bin

မင်းသား Hyun Bin ဟာ ဇာတ်လမ်းတွဲတစ်ခုကို ပြန်လည်ရိုက်ကူးတော့မှာဖြစ်ပါတယ်။

SBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “Hyde, Jekyll, Me.” ဒရမ်မာနောက်ပိုင်း ၃ နှစ်အတွင်း ပထမဆုံး ဒရမ်မာ ဖြစ်လာမယ့် tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် စိတ်ကူးယဉ် အလွမ်းအဆွေးဒရမ်မာ “Memories of the Alhambra” မှာခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်လာမယ်လို့ တရားဝင်အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ မင်းသား Hyun Bin ဟာ ဇာတ်လမ်းတွဲတစ်ခုကို ပြန်လည်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ SBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “Hyde, Jekyll, Me.” ဒရမ်မာနောက်ပိုင်း ၃ နှစ်အတွင်း ပထမဆုံး ဒရမ်မာ ဖြစ်လာမယ့် tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် စိတ်ကူးယဉ် အလွမ်းအဆွေးဒရမ်မာ “Memories of the Alhambra” မှာခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်လာမယ်လို့ တရားဝင်အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ 

W ဇာတ်လမ်းတွကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Song Jae Kyung က ရိုက်ပြီး “Stranger” ဇာတ်ညွှန်းရေး ဆရာ Ahn Gil Ho က ရေးသားပေးမယ့် “Memories of the Alhambra” ဒရမ်မာဟာ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ စီအီအို ယူဂျင်ဝူးဟာ Granada နို််င်ငံသို့ စီးပွားရေးလုပ်ငန်းခရီးစဉ် အနေနဲ့ သွားရောက်ရင်းနဲ့ ဂျောင်ဟီဂျူ ပိုင်ဆိုင်တဲ့ ဟိုတယ်တခုမှာ နေထိုင်ဖြစ်ခဲ့တဲ့အကြောင်း ဇာတ်အိမ်တည်ရိုက်ကူးမှာဖြစ်ပါတယ်။ 


မင်းသား Hyun Bin ဟာ ဂိမ်းတွေကိုထုတ်လုပ်တဲ့နေရာမှာ ပါရမီရှိပြီး အင်ဂျင်နီယာဘာသာရပ်မှာ ပါရဂူဘွဲ့ ရရှိထားတဲ့ ယူဂျင်ဝူးနေရာကနေ သရုပ်ဆောင်မှာဖြစ်ပါတယ်။ သူ့ရဲ့ ထက်မြက်တဲ့အကျင့်ကြောင့် သဘောတူညီချက်နဲ့ လုပ်ဆောင်တဲ့အလုပ်တွေမှာ အရှုံးနဲ့ရင်ဆိုင်ရတာမျိုးကို မုန်းတီးပြီး ဘယ်လောက်ပဲ အသေးအမွှားဖြစ်ဖြစ် ဘယ်လောက်ပဲ စွန့်စားရသည်ဖြစ်စေ၊ ယှဉ်ပြိုင်လိုစိတ်ရှိတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ၏ သစ္စာဖောက်မှုကိုခံခဲ့ရပြီးနောက် သူ့ဘဝ ဖရိုဖရဲဖြစ်ခဲ့ချိန်မှာပဲ Granada ကို စီးပွားရေးကိစ္စနဲ့ ရောက်ရှိလာခဲ့ပါတယ်။ 


“Memories of the Alhambra”  ဇာတ်လမ်းတွဲကို ၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက်ကာလမှ စတင်ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။

 

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top