Banner Top

Member Area

ဂျယ်ဂျူးကျွန်းအပါအဝင် နိုင်ငံတခွင် အတူဒိတ်နေခဲ့ကြတဲ့ Hyun Bin နဲ့ Son Ye-jin တို့စုံတွဲ

  •  Y Nay
  • Category: News

မင်းသား Hyun Bin နဲ့ မင်းသမီး Son Ye-jin တို့စုံတွဲဟာ ကိုရီးယားနိုင်ငံတဝန်းမှာ အတူဒိတ်နေကြတာကို မြင်တွေ့ခဲ့ရပါတယ်။

မကြာသေးခင်တုန်းက ဂျယ်ဂျူးကျွန်းမှာနေထိုင်တဲ့ အင်စတာဂရမ်အသုံးပြုသူတစ်ဦးဟာ Hyun Bin နဲ့ Son Ye-jin တို့ လွန်ခဲ့တဲ့ နွေရာသီတုန်းက နံနက်စာလာစာသွားတဲ့အကြောင်းကိုဝေမျှခဲ့ပါတယ်။

201628233 1280

သူက "အားလုံးပဲ ကြည့်ပါဦး။ ကျွန်မ Hyun Bin ရဲ့ လက်မှတ်ရထားတယ်။ သူကထိပ်မှာ ကျွန်မရဲ့ နာမည်ကိုတောင်ရေးထားပေးသေးတယ်။ ပြီးတော့ ကျွန်မ Son Ye-jin ရဲ့ လက်မှတ်တောင် ရထားသေးတယ်။" လို့ ပြောကြားခဲ့ပါတယ်။ သူက ဆက်ပြီး "ကျွန်မ သူတို့ကို လူကိုယ်တိုင်သွားတွေ့ခဲ့တာမျိုးမဟုတ်ပါဘူး။ သူတို့က ကျွန်မသူငယ်ချင်းဖွင့်ထားတဲ့ B&B ဆိုင်ကို ပြီးခဲ့တဲ့ နွေရာသီတုန်းက ရောက်ခဲ့တာပါ။ ဇူလိုင်လတုန်းကပါ။ Hyun Bin က အဲဒီဆိုင်ကို မကြာခဏသွားလေ့ရှိပါတယ်။ သူက အဲဒီတုန်းက သူနဲ့အတူ Son Ye-jin ကို ခေါ်လာခဲ့တာ ဖြစ်ပါတယ်။" လို့ဆိုပါတယ်။

အဲဒီအင်စတာဂရမ်ပို့စ်ဟာ တော်တော်လေး လူပြောများခဲ့ပြီးတော့ Hyun Bin နဲ့ Son Ye-jin တို့ကို မြင်တွေ့လိုက်ရတယ်လို့ဆိုတဲ့ နောက်ထပ် အွန်လိုင်းပို့စ်တစ်ခုဟာလည်း ပေါ်လာခဲ့ပြန်ပါသေးတယ်။ အဲဒီပို့စ်ထဲက ပန်းကန်ပြားရဲ့ တစ်ဖက်မှာ Son Ye-jin ရဲ့ လက်မှတ်ရှိနေပြီး တခြားတစ်ဖက်မှာတော့ Hyun Bin ရဲ့ လက်မှတ်ရှိနေတာကိုတွေ့ရပါတယ်။ အဲဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ် ဩဂုတ်လတုန်းက နာမည်ကျော်စားသောက်ဆိုင်တစ်ခုမှာ ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။

201628232 1280

အဲဒီဓာတ်ပုံနဲ့အတူ စားသောက်ဆိုင် ပိုင်ရှင်က "သူတို့က ကျွန်တော်တို့ဆိုင် မီနူးပြောင်းတဲ့အချိန်ဖြစ်တဲ့ ဆောင်းဦးကျရင် စားသောက်ဆိုင်ကို ပြန်လာခဲ့ဦးမယ်လို့ ပြောသွားတယ်။" လို့ ရေးသားထားပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတုန်းကတော့ သတင်းမီဒီယာ Dispatch က Hyun Bin နဲ့ Son Ye-jin တို့နှစ်ဦးဟာ ချစ်သူဖြစ်နေတာ ၈ လရှိနေပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီသတင်းထွက်ပြီး မကြာမီမှာပဲ နှစ်ဖက်လုံးက သူတို့နှစ်ဦးမေတ္တာမျှနေပြီ ဖြစ်‌ကြောင်း အတည်ပြုခဲ့ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top