Banner Top

Member Area

Hyun Bin နှင့်အတူ tvN ရုပ်သံလိုင်းမှထုတ်လွှင့်မယ့် ဒရမ်မာမှာ မင်းသမီး ပတ်ရှင်ဟေးပါဝင်မယ်

မင်းသမီးပတ်ရှင်ဟေးနဲ့ မင်းသား ယောင်ဘင်းတို့ဟာ ဒရမ်မာအသစ်တစ်ခုမှာ ဆုံတွေ့ကြရတော့မှာ ဖြစ်ပါတယ်။

မင်းသားယောင်ဘင်းပါဝင်မယ်လို့ အတည်ပြုထားတဲ့ “Memories of the Alhambra” ဆိုတဲ့ ဒရမ်မာမှာ ပါဝင်ဖို့ မင်းသမီး ပတ်ရှင်ဟေးဆွေးနွေးနေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ မင်းသမီးပတ်ရှင်ဟေးနဲ့ မင်းသား ယောင်ဘင်းတို့ဟာ ဒရမ်မာအသစ်တစ်ခုမှာ ဆုံတွေ့ကြရတော့မှာ ဖြစ်ပါတယ်။ မင်းသားယောင်ဘင်းပါဝင်မယ်လို့ အတည်ပြုထားတဲ့ “Memories of the Alhambra” ဆိုတဲ့ ဒရမ်မာမှာ ပါဝင်ဖို့ မင်းသမီး ပတ်ရှင်ဟေးဆွေးနွေးနေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ ဧပြီ ၂၃ ရက်မှာပဲ မင်းသမီးရဲ့ အေဂျင်စီရဲ့ tvN ရုပ်သံလိုင်းတို့က မင်းသမီးဟာ ဒရမ်မာမှာ ပါဝင်လာတော့မှာ ဖြစ်တယ်လို့ အတည်ပြုလိုက်ကြပါတယ်။  

“Memories of the Alhambra” ဒရမ်မာဟာ စပိန်နိုင်ငံကို သွားရောက်လည်ပတ်ပြီး ဟိုတယ်တစ်ခုကို ပိုင်ဆိုင်ထားတဲ့ ဂျောင်ဟီဂျူနဲ့ တွေ့ဆုံခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ စီအီးအို ယူဂျင်ဝူ တို့ကြားက စိတ်ကူးယဉ်အလွမ်းအဆွေး ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။  “W,” “Queen In Hyun’s Man,” နဲ့ “Nine: Nine Times Time Travel,” တို့ကို ဖန်တီးခဲ့တဲ့ ဆောင်းဂျယ်ဂျောင်း ရေးသားထားတဲ့ ဒီဇာတ်လမ်းကို “Forest of Secrets” ဒါရိုက်တာ အန်ဂီဟိုက ရိုက်ကူးမှာဖြစ်ပါတယ်။ အဲဒီ ဒရမ်မာ ရိုက်ကူးရေးကို လာမယ့်မေလထဲမှာ စတင်မှာဖြစ်ပြီး အခုနှစ် ဒုတိယနှစ်ဝက်ကာလမှာ ပြသဖို့ စီစဉ်ထားပါတယ်။
soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top