Banner Top

Member Area

ဇာတ်ကောင်နာမည်တွေကို ဘူတာရုံနာမည်တွေကနေ ယူပေးထားတဲ့ 'Start-up' ဒရာမာ

tvN ကနေ စနေနဲ့ တနင်္ဂနွေတိုင်း ပြသနေတဲ့ 'Start-up' ဒရာမာ ပရိသတ်တွေဟာ သူတို့ကြည့်နေတဲ့ အဲ့ဒီဒရာမာထဲက ဇာတ်ကောင်တွေရဲ့ နာမည်တွေဟာ တောင်ကိုရီးယားမှာရှိတဲ့ ဘူတာရုံနာမည်တွေကို ယူထားတယ်ဆိုတာ သိရှိခဲ့ရပါတယ်။

မကြာသေးခင်တုန်းက အွန်လိုင်းကွန်မြူနီတီတစ်ခုမှာ'Start-up' နဲ့ ပတ်သက်တဲ့ ပို့စ်တစ်ခုဟာ အထူးစိတ်ဝင်စားမှု ခံခဲ့ရတာကို တွေ့ရပါတယ်။

201489945 1280
မူရင်းတင်ခဲ့သူရဲ့အဆိုအရ ဒရာမာထဲမှာ ပါဝင်တဲ့ အဓိကဇာတ်ကောင်တွေရဲ့ နာမည်တွေဟာ ကိုရီးယားမှာရှိတဲ့ မြေအောက်ရထားဘူတာရုံနာမည်တွေ ဖြစ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီနာမည်တွေကတော့ ဆောဒါမီ (ဆူဇီ)၊ နမ်ဒိုဆန်း(နမ်ဂျူယော့)၊ ဟန်ဂျီဖြောင်း (ကင်ဆွန်းဟို) နဲ့ ဝန်းအင်ဂျယ် (ဂန်ဟာနာ) တို့ဖြစ်ကြပါတယ်။


အောက်ကပုံတွေမှာတော့ နိုင်ငံတဝန်းမှာရှိတဲ့ မြို့အသီးသီးမှာ တည်ရှိတဲ့ ဒါမီ ဘူတာရုံ၊ ဒိုဆန်းဘူတာရုံ၊ ဂျီဖြောင်းဘူတာရုံနဲ့ ဝန်အင်ဂျယ်ဘူတာရုံဓာတ်ပုံတွေနဲ့ အဓိကဇာတ်ကောင်တွေရဲ့ ပုံရိပ်တွေဖြစ်ပါတယ်။

201489944 1280

201489941 1280

201489943 1280

201489942 1280

ကဲသင်ရော ဘယ်လိုထင်ပါသလဲ။ မှတ်ချက်ပေးခဲ့နိုင်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top