Logo
Print this page

အလွန်များပြားသော ထုတ်လုပ်မှု ကုန်ကျစရိတ်ဖြင့် ဒရမ်မာအသစ်တစ်ခုကို SBS ယခုနှစ်အတွင်း ရိုက်မယ်

SBS ရုပ်သံလိုင်းဟာ ဒီနှစ်ထဲမှာပဲ ကြီးမားတဲ့ ဒရမ်မာပရောဂျက်တစ်ခုအတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

787398

မတ် ၂၉ ရက်မှာပဲ SBS ရုပ်သံလိုင်းရဲ့ ကိုယ်စားလှယ်တစ်ဦးက “မင်းသား Shin Sungrok ကို SBS ရဲ့ ဒရမ်မာ ဖြစ်တဲ့ 'Vagabond’ အတွက် အတည်ပြုထားပြီး ၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက်ကာလမှာ စတင်ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်၊ သူဟာ အဲဒီဒရမ်မာမှာ ခေါင်းဆောင်မင်းသားအဖြစ်် ပါဝင်မှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီဒရမ်မာထုတ်လုပ်ရေးအတွက် ကိုရီးယားဝမ် ၂၅ သန်းအထိ အသုံးပြုမှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားထားတဲ့အတွက် ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ မင်းသား Shin Sungrok ဟာ ဗီလိန်ကာရိုက်တာတွေ တော်တော်များများကြောင့် လူသိများတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့အတွက် သူ့ကို ခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ ကြည့်ရှုဖို့ ပရိသတ်တွေကတော့ စိတ်လှုပ်ရှားနေကြပါတယ်။ မကြာသေးခင်တုန်းကလည်း မင်းသား လီဆောင်းဂီဟာ ဒီဒရမ်မာအတွက် ဆွေးနွေးခဲ့ပေမယ့် ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။
KL

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!