Banner Top

Member Area

အချစ်သီအိုရီတွေ ပိုင်နိုင်တဲ့အမျိုးသားတစ်ဦးအဖြစ် သရုပ်ဆောင်ဖို့ စဉ်းစားနေတဲ့မင်းသား နမ်ဂုံမင်း

  •  Micky
  • Category: News

မင်းသားနမ်ဂုံမင်းဟာ ဒရမ်မာအသစ်တစ်ခုမှာ အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်လာနိုင်ချေရှိနေပါတယ်။

သူဟာ SBS ရုပ်သံလိုင်းကနေ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တိုင်းထုတ်လွှင့်မယ့် “Hoon Nam Jung Eum” အမည်ရှိတဲ့ ဒရမ်မာမှာ အဓိကသရုပ်ဆောင် ဟုန်နမ်အဖြစ် ပါဝင်ဖို့ ကမ်းလှမ်းချက်ကို မကြာသေးခင်ကပဲ လက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်။ တကယ်လို့သာ အတည်ပြုနိုင်ခဲ့မယ်ဆိုရတော့ အဲဒီဒရမ်မာဟာ ၂၀၁၇ ခုနှစ်မှာ “Chief Kim” နဲ့ “Distorted” ဇာတ်လမ်းတွဲတို့နဲ့ အောင်မြင်မှုရရှိပြီး ၆ လအကြာ ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ ပြန်လည်ပါဝင်လာမှာပဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်မှာပဲ နမ်ဂုံမင်းရဲ့အေဂျင်စီ 935 အင်တာတိန်းမန့်က အဲဒီသတင်းတွေကို အတည်ပြုခဲ့ပြီး အခုလို ပြောကြားခဲ့ပါတယ်။

" Hoon Nam Jung Eum ဒရမ်မာဟာ သူရရှိထားတဲ့ ကမ်းလှမ်းချက်တွေထဲကတစ်ခုဖြစ်ပါတယ်၊ အစီအစဉ်နဲ့ ဇာတ်ညွှန်းက မူရင်းအတိုင်းဖြစ်တဲ့အတွက် သူဟာ ဇာတ်ညွှန်းကို သေချာဖတ်ကြည့်နေပါတယ်၊ ဘာကိုမှတော့ အတည်မပြုသေးပါဘူး၊ နောက်ထပ်လာမယ့် ဒရမ်မာအတွက် လက်ရှိမှာ စဉ်းစားနေဆဲဖြစ်ပါတယ်"

“Hoon Nam Jung Eum” ဒရမ်မာဟာ အချစ်သီအိုရီတွေအကြောင်း ကျွမ်းကျင်တဲ့ ဟုန်နမ်အမည်ရှိတဲ့ အမျိုးသားတစ်ဦးနဲ့ ချစ်သူရရှိပြီး လက်ထပ်နိုင်ဖို့ကို ရည်ရွယ်ထားတဲ့ ဂျောင်အွန်းအမည်ရှိတဲ့ အမျိုးသမီးတစ်ဦးတို့အကြောင်း ဇာတ်အိမ်တည်ရိုက်ကူးမှာဖြစ်ပါတယ်။ Tamra the Island” ဇာတ်လမ်းတွဲနဲ့ “Red Carpet” နဲ့ “Fight” တို့လိုမျိုး ရုပ်ရှင်တွေကို ရေးသားပေးထားတဲ့ စာရေးဆရာ လီဂျယ်ယွန်းက ရေးသားပေးထားတာဖြစ်ပါတယ်။ “Hoon Nam Jung Eum” ဇာတ်လမ်းတွဲကို “Return” ဇာတ်လမ်းတွဲနဲ့ Switch — Change the World” ဇာတ်လမ်းတွဲအပြီး လာမယ့်မေလထဲမှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top