Banner Top

Member Area

SBS ရုပ်သံလိုင်းမှ ထုတ်လွှင့်မည့်ဒရမ်မာတွင် မင်းသားလီဂျောင်ဆော့ပါဝင်မည်ဖြစ်သော်လည်း အနုပညာကြေး လက်ခံမည်မဟုတ်

  •  Uchun
  • Category: News

မင်းသားလီဂျောင်ဆော့ဟာ SBS ရုပ်သံလိုင်းကနေထုုတ်လွှင့်မယ့် မီနီဒရမ်မာတစ်ခုဖြစ်တဲ့ 'Hymn of Death' မှာ ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်ဖို့ အတည်ပြုလိုက်ပြီဖြစ်ပြီး အဲဒီဒရမ်မာအတွက် အနုပညာကြေးကို လက်ခံမှာမဟုတ်ဘူးလို့ဆိုပါတယ်။

မတ်််လ ၁၂ ရက် သတင်းတွေအရ မင်းသား လီဂျောင်ဆော့ဟာ အဲဒီ မီနီဒရမ်မာ ပါဝင်မယ်လို့ အတည်ပြုခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ မင်းသား ဒရမ်မာမှာပါဝင်ရတဲ့အတွက် ရရှိမယ့် အနုပညာကြေးကို လက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

မင်းသား လီဂျောင်ဆော့ဟာ 'While You were Asleep' ရုပ်သံဇာတ်လမ်းတွဲကို တာဝန်ယူရိုက်ကူးပေးခဲ့တဲ့ ထုတ်လုပ်ရေးမှူး ပတ်ဆူဂျင်းနဲ့ ရင်းနှီးတာကြောင့် ဒီဇာတ်ရုပ်မှာ သူ့ရဲ့ ဆန္ဒအလျောက်ပါဝင်ဖို့ သဘောတူခဲ့တာ လည်း ဖြစ်ပါတယ်။
'Hymn of Death' ဒရမ်မာဟာ ၁၉၉၁ ခုနှစ်မှာ နာမည်ကျော်ခဲ့တဲ့ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။ ကိုရီးယားမှာ အောင်မြင်မှုရခဲ့တဲ့ အဆိုတော် ယွန်ဆင်းဒေါ့နဲ့ ချစ်သူ ပါရမီရှင် ပြဇာတ်ရေးဆရာ ကင်ဝူဂျင်တို့ကြားမှ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားတာဖြစ်ပါတယ်။ အဲဒီမီနီဒရမ်မာနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး
KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top