Banner Top

Member Area

SBS ဒရမ်မာ အသစ်တစ်ခု မှာအမြွှာ အဖြစ် သရုပ်ဆောင်မယ့် ယွန်ရှီယွန်း

မင်းသားယွန်းရှီယွန်းဟာ SBS ရုပ်သံလိုင်းကနေထုတ်လွှင့်မယ့် ဒရမ်မာအသစ်တစ်ခုမှာပါဝင်ဖို့ လက်ရှိမှာဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ မေ ၈ ရက်မှာမင်းသားရဲ့အေဂျင်စီမှ သတင်းရင်းမြစ်တစ်ခုက “ယွန်းရှီယွန်း ဟာလက် ရှိမှာ SBS ဒရမ်မာ‘Dear Judge’ဆီကနေသရုပ်ဆောင်ဖို့ ကမ်းလှမ်းချက် တစ်ခုကိုလက်ခံရရှိထားပြီးအကောင်းမြင်ဘက်ကနေသုံးသပ်ကြည့်ရှုနေဆဲဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။


“Dear Judge”ဒရမ်မာဟာဟန်ဆူဟိုနဲ့ ဟန်ဂန်ဟိုဆိုတဲ့ အမြွှာနှစ်ဦးရဲ့ ဇာတ်လမ်းဖြစ်ပြီးသူတို့နှစ်ယောက်ဟာအသွင်တူပေမယ့် ကွဲပြားတဲ့ဘဝမှာနေထိုင်နေရတာဖြစ်ပါတယ်။ ဟန်ဆူဟိုကတော့ စာအုပ်ကြီး အတိုင်းဆောင် ရွက်တတ်တဲ့ လေးစားဖွယ် တရားသူကြီးတစ်ဦးဖြစ်ပြီးတော့ ဟန်ဂန်ဟိုကတော့ ပြစ်မှုကျူးလွန်သူတစ်ဦးဖြစ်ပြီးထပ်ခါ ထပ်ခါ ပြစ်မှုတွေကို ကျူးလွန်နေတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဟန်ဆူဟိုဟာ ရုတ်တရက်ပျော က်သွားခဲ့ပြီး ဟန်ဂန်ဟိုဟာသူ့အစ်ကိုဖြစ်သူနေရာကိုဝင်ယူပြီးတရားသူကြီးတစ်ဦးနဲ့ ဘဝသစ်မှာနေထိုင်တဲ့ ဇာတ်လမ်းအကြောင်းအရာပဲဖြစ်ပါတယ်။

Yoon Shi Yoon XPN


“Dear Judge”ဇာတ်လမ်းတွဲကိုလာမယ့်ဇူလိုင်လမှာစတင်ပြသဖို့ စီစဉ်ထားပါတယ်။ တကယ်လို့ မင်းသားယွန်းရှီယွန်းသာသရုပ်ဆောင်ဖို့ လက်ခံဖြစ်မယ်ဆိုရင်တော့ ဒီဒရမ်မာမှာအမြွှာနှစ်ဦးလုံးအဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ယွန်းရှီယွန်းဟာ ပြီးခဲ့တဲ့ မေ ၆ ရက်မှာအဆုံးသတ်သွားတဲ့ “Grand Prince,”ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top