Logo
Print this page

နမ်ဂျူယော့နဲ့ ဆူဇီတို့ရဲ့မင်္ဂလာဓာတ်ပုံတွေကြောင့် ပရိသတ်တွေက သူတို့ကို တွဲစေချင်နေ

မင်းသား နမ်ဂျူယော့နဲ့ အဆိုတော်၊ မင်းသမီး ဆူဇီတိုရဲ့ ဒရာမာထဲက မင်္ဂလာဓာတ်ပုံတွေကြောင့် ကမ္ဘာတဝန်းမှာရှိတဲ့ သူတို့ရဲ့ ပရိသတ်တွေဟာ အပြင်လက်တွေ့ဘဝမှာလည်း သူတို့ကို တွဲစေချင်နေကြတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့မှာ နမ်ဂျူယော့နဲ့ ဆူဇီတို့ ပါဝင်ထားကြတဲ့ "Start-up" ဒရာမာ နောက်ဆုံးအပိုင်းကို ထုတ်လွှင့်ခဲ့ပါတယ်။

201498937 1280

အဲ့ဒီအပိုင်းမှာတော့ နမ်ဒိုဆန်း(နမ်ဂျူယော့) နဲ့ ဆောဒါမီ (ဆူဇီ) တို့ဟာ လက်ထပ်ခဲ့ကြပါတယ်။ အဲ့ဒီအပိုင်းထဲက လက်ထပ်ပွဲဓာတ်ပုံတွေကို သူတို့ရဲ့ အလုပ်စားပွဲပေါ်မှာ ကပ်ထားတာကို ပြခဲ့ပြီး ပျော်ရွှင်နေကြတဲ့ သူတို့နှစ်ဦးရဲ့ ပုံရိပ်တွေကို အဲ့ဒီအပိုင်းမှာ ပြသခဲ့ပါတယ်။

201498931 1280


အဲ့ဒီအပိုင်းကို ထုတ်လွှင့်ပြီး မကြာမီမှာပဲ ဒရာမာရဲ့ ထုတ်လုပ်ရေးအဖွဲ့နဲ့ သူတို့နှဏ်ဦးရဲ့ စီမံခန့်ခွဲရေးအေဂျင်စီဖြစ်တဲ့ Management Soop ကတော့ လက်ထပ်ပွဲ ဓာတ်ပုံတွေကို မျှဝေခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံတွေထဲမှာတော့ နမ်ဒိုနဲ့ ဆောဒါတို့ဟာ မင်္ဂလာဝတ်စုံကို ဆင်မြန်းထားပြီး တစ်ယောက်လက်ကို တစ်ယောက် ကြင်ကြင်နာနာကိုင်ထားတာကို မြင်တွေ့ရပါတယ်။

အဲ့ဒီလိုမျိုး သူတို့နှစ်ဦးရဲ့ လှပတဲ့အချိန်အခိုက်အတန့်အကြောင့် အဲ့ဒီ ဒရာမာရဲ့ ပရိသတ်တွေဟာ တော်တော်လေးကို ပျော်ရွှင်ခဲ့ကြပါတယ်။ မှတ်ချက်တွေမှာတော့ "သူတို့နှစ်ယောက် တခြားဇာတ်လမ်းတွေမှာ အတူတူ ပြန်ဆုံကြဖို့မျှော်လင့်ပါတယ်" "ပြီးတော့ သူတို့ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြတယ်ပေါ့" "သူတို့ဟာ တော်တော်လေးကို လိုက်ဖက်ညီတာပဲ။" စသဖြင့် ရေးသားထားတာကိုတွေ့ရပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!